အပိုင်း (30)

2K 373 2
                                    

(30) မီးရှို့ခြင်း (2)

ဂိမ်းအကြောင်းတွေး မိတဲ့ အခါမှာတော့ နျင်းချု က နဂါးဥလေး ကို ကြည့်လိုက်တယ်။ နျင်းချု ရဲ့ မူလ အတွေးတွေ က အောင်းဝ်ဝူလေးသာ ပြန်လည်အသက်သွင်းပြီးရင် နဂါးကျွန်းမှာ ထားမယ်ပေါ့လေ။ ဒါပေမယ့် ဂိမ်း က သူမကို သူ့ဆီ တိုက်ရိုက် ပို့ခဲ့တယ်လေ။

ဆိုတော့ကာ မောလ် ထဲက နေ ငွေသွင်းပြီး  ဝယ် ရတဲ့ အထောက်အကူ ပစ္စည်းတွေကို သူ့ဆီ ယူထုတ်လို့ ရတယ်တဲ့လား?

နျင်းချု က ဂိမ်းကို ဖွင့်လိုက်ပြီး ကရိယာ ဆက်ရှင်ထဲက သော့ခတ်လို့ ရတဲ့ သေတ္တာလေးကို ဝယ်လိုက်တယ်။

သူက အဲ့အချိန်မှာပဲ မြေပုံကို မဖွင့်တဲ့ အတွက်ကြောင့် စနစ်က တကယ်ကြီး စာပို့လာခဲ့တယ်။

[ နဂါးကျွန်း ထဲကနေ ပစ္စည်း ထုတ်ယူလိုပါသလား?]

နျင်းချု က ' yes' ကို ရွေးလိုက်တဲ့ အချိန်မှာပဲ ခဏနေတော့  သူ့ရဲ့ အိပ်ယာဘေး မှာ ဘယ်ကမှန်း မသိတဲ့ သစ်သား သေတ္တာ တစ်လုံး ပေါ်လာတာ ကို တွေ့လိုက်ရတယ်။

အောင်းဝ်စန်း က အနောက်ကို ဆုတ်ကာ နဂါးဥကို တင်းတင်း ကျပ်ကျပ် ကာကွယ်လိုက်တယ်။ ပြီးတော့ အဲ့တာက ဘာလဲ ဆိုတာ ကို မြင်လိုက်ရတော့မှ အနည်းငယ် စိတ်သက်သာ ရာ ရသွားလေတယ်။

သေတ္တာက သော့ခတ်ရက်သား လေး လာတာ ဖြစ်တဲ့အတွက် နျင်းချုက ကြိုးစား ရှာဖွေ ကြည့် ပေမယ့် အဲ့တာ နဲ့ ပတ်သက်ပြီး တော့ ဘာမှ မှားနေတာ ကို မတွေ့ခဲ့ ရပေ။

နောက်တော့ သူက မြက်တွေနဲ့ ကူရှင်လေး တွေကို ထုတ်ယူကာ သေတ္တာထဲကို တစ်လွှာ ပြီးတစ်လွှာ ဖြန့်ခင်းလိုက်တယ်။

ဒါတွေ အကုန်ပြီးသွားတဲ့ အချိန်မှာတော့ နျင်းချုက နဂါးဥ ကို သေတ္တာ ထဲကို ထည့်လိုက်တယ်။

နဂါးဥဘေးမှာ ရှိတဲ့ မြက်တွေက အောင်းဝူ ကြိုက်တဲ့ အုပ်ဂျုံ မြက်တွေနဲ့ ရောနှောနေပြီးတော့ သေတ္တာအောက်မှာလည်း ဝါဂွမ်းကူရှင် တစ်လွှာ ရှိနေသေးတယ်။ ဒါကြောင့် နဂါးဥလေး က အထဲမှာ လုံခြုံကာ အပြင်က အသာလှုပ်ရုံနဲ့တောင်မှ တိုက်မိတော့မှာ မဟုတ်ပေ။

နဂါးလေးတွေကိုပျိုးထောင်မယ်![Tran]Tempat cerita menjadi hidup. Temukan sekarang