(106) တိုက်ခိုက်ခြင်း ၂
အောင်းဝ်ဝူ က လိုက်ချင်တယ် ဆိုကတည်း က အောင်းဝ်အာ့ ကလည်း သေချာပေါက် လိုက်တော့ မှာပေါ့။ အောင်းဝ်စစ် ကလည်း အိပ်ဆောင် ထဲမှာ ကျန်ခဲ့ ရတဲ့ တစ်ကောင် ထဲသော နဂါး မဖြစ် လိုပါပေ။
နျင်းချု ခမျာ ရွေးချယ်စရာ မရှိတော့ပဲ နဂါးဘေဘီလေး ၃ ကောင် ကိုသယ်ကာ အတူတူ ထွက်သွား ကြတော့လေတယ်။
နျင်းချု ဟာ ဝူးယူးရဲ့ အိပ်ဆောင် က ဘယ်နေရာမှ ရှိသလဲ ဆိုတာကို မသိတဲ့ အတွက်ကြောင့် လမ်းမှာ ကျောင်းသား တွေ အများကြီး ကို မေးမြန်း ခဲ့ရပြီးတော့ နောက်ဆုံး မှာတော့ ဝူးယူး ရဲ့ အိပ်ဆောင် ဆီကို ရောက်သွား လေတယ်။
တံခါး က ပိတ်ထားတာ ကြောင့် နျင်းချု က တံခါး ခေါက်ခဲ့ ပေမယ့် ဘယ်သူ ကမှ ပြန်ပြီးတော့ မဖြေ ခဲ့ပါပေ။ လျောက်လမ်း မှာ ဘယ်သူမှ မရှိနေ တဲ့ အတွက်ကြောင့် အောင်းဝ်အာ့ က တိတ်တိတ်လေး ထွက်လာကာ နောက်ပြန်ကန်ချက် တစ်ခု ပေးပြီး တံခါးကို ကန်ဖွင့်လိုက်တယ်။
တံခါး က အကန်ခံ လိုက်ရတဲ့ အခါ ဘန်း ဆိုတဲ့ အသံနဲ့ ပွင့်သွားတော့ အောင်းဝ်အာ့ က သူ့အမြှီးလေး ကို ယမ်းကာ နျင်းချု ကို ကြည့်ပြီး ဒီလို မျိုး ပြောချင် နေပုံ ရလေတယ်။
'' ဒီနည်းနဲ့ ဖွင့်တာ က အမြန်ဆုံးပဲလေ''
နျင်းချု: '' ....... ''
ထိုအိပ်ဆောင်ရဲ့ အနီးနားက အခန်းတံခါးကို ဖွင့်လာ လေတယ်။ အစောက ဆူညံသံ ကြောင့် ဘာဖြစ်တာလဲ ဆိုတာကို စစ်ဆေး မလို့နဲ့ တူ လေတယ်။
နျင်းချု က အခန်းထဲကို အမြန်ဝင်ပြီးတော့ တံခါးကို ပိတ်လိုက် ရလေတယ်။ အပြင်ဘက်က တံခါးဖွင့်သံ က တစ်ခဏ ပဲ ကြာလိုက် လေတယ်။ နောက်တော့ ပြန်ပြီးတော့ ပိတ်သွားတဲ့ အသံကို ကြားလိုက် ရတယ်။
နျင်းချု ခမျာ စိတ်သက်သာရာ ရသွား ပြီးတော့ အောင်းဝ်အာ့ကို ဆုတ်ကိုင်ကာ မ လိုက်လေတယ်။
'' အဲ့လိုမျိုး နောက်တစ်ခါ ထပ်မလုပ်နဲ့! လူတွေ က ရှာတွေ့ သွား လိမ့်မယ်! ''
အောင်းဝ်အာ့ က သူ့အမြှီး လေးကိုယမ်းကာ တီးတိုး သံလေး ထုတ် လိုက် လေတယ်။
YOU ARE READING
နဂါးလေးတွေကိုပျိုးထောင်မယ်![Tran]
Randomနဂါးကျွန်း ဆိုတဲ့ app ကို ဒေါင်းလုခ် လုပ်ပြီး သားပေါက်လေးတွေကို အရူးအမူး ပျိုးထောင် ပေးပြီးတဲ့နောက် ထိုဂိမ်းထဲက သားပေါက်လေးတွေ ဆီ ကူးပြောင်းရောက်ရှိသွားတဲ့ သားပေါက်လေးများရဲ့ ဖေဖေကြီး နျင်းချူ အကြောင်းပါ။ [ တစ်ပိုင်းက ပုံမှန်ထက် ၄ဆ ရှည်ပါတယ်။ မုဆိုး...