အပိုင်း (32)

2K 361 0
                                    

(32) စာချုပ် (၁)

ပဟေဠိ တောအုပ် မီးလောင်တဲ့ သတင်းက ပျံ့သွားပြီးတော့ လန့်စ် အကယ်ဒမီ က ချက်ချင်း ပဲ ပိတ်ချ လိုက်လေတယ်။ များစွာသော အကယ်ဒမီက ညွှန်ကြားသူတွေဟာ စိတ်ဝင်စားတဲ့ ကြေးစား တစ်အုပ်နဲ့ အတူ ပဟေဠိ တောအုပ်ရှိရာ ဆီကို အမြန်ပဲ ပြေးသွားတော့တယ်။

အဲ့လူအုပ် နှစ်ခုရဲ့ ကြိုးစားမှုကြောင့် တောထဲက မီးတွေက ငြိမ်းသွားခဲ့ပေမယ့် ဘေးပတ်ဝန်းကျင် နေရာတွေက အကျိုးသက်ရောက်မှုကို ခံခဲ့ ရလေတယ်။

မီးလည်း ငြိမ်းပြီး သွားတဲ့ အချိန် ကျတော့မှပဲ ချက် (church)ကျောင်း က လူတွေက နောက်ကျစွာ ရောက်လာခဲ့ကြလေတယ်။

ဒီကမ္ဘာမှာ ချက်ကျောင်း က တော်ဝင်မိသားစုရဲ့ ဒုတိယနေရာမှာ ရှိလေတယ်။ ပြီးတော့ ကမ္ဘာ တစ်ဝှမ်းလုံးမှာ ချက်ကျောင်း ခွဲတွေ အများအပြား ရှိလေတယ်။ ပြီးတော့ မှော်နဲ့ ဆိုင်တဲ့ အရာရာတိုင်း က ချက်ကျောင်းရဲ့ တရားရေး အာဏာအောက်မှာ ရှိလေတယ်။

နျင်းချု က လူတွေ ကြားထဲမှာ တိုးနေတဲ့ အချိန်မှာပဲ အကယ်ဒမီရဲ့ ကျောင်းအုပ်က ငွေရောင်ယူနီဖောင်းတွေ ဝတ်ထားတဲ့ လူတစ်ချို့ကို ကျောင်းကောင်စီ အခန်းထဲကို ဦးဆောင်ပြီး ခေါ်သွားတာ ကိုတွေ့လိုက်ရတယ်။ အဲ့အုပ်စုရဲ့ ခေါင်းဆောင်းကို ကြည့်ရတာ အသက် ၃၀ လောက် ရှိနေပြီ ဖြစ်ပြီးတော့ သူ့ပုခုံးပေါ်မှာလဲ အနီရောင် တောက်တောက် ငှက်တစ်ကောင် ပါရှိနေလေတယ်။ အဲ့တာ က သူ့ရဲ့ စာချုပ် သားရဲ ဖြစ်တဲ့ ပုံပဲ။

ပဲစေ့လိုမျိုး အမဲရောင်မျက်လုံး လေးတွေက နျင်းချု ရှိတဲ့ နေရာအတိအကျ ဆီလှမ်းစိုက် ကြည့်နေတာကို တွေ့တော့ အတော်​လေး ကို ကို့ယို့ကားယား နိုင်သွား လေတယ်။ နျင်းချုက သူ့အိပ်ကပ် ထဲက အောင်းဝ်စန်းလေး ကို ခပ်တင်းတင်း ကာကွယ် ပြီးတော့ လူအုပ်ထဲကနေ တိတ်တိတ်လေး ထွက်သွားတော့တယ်။

အနည်းငယ်ကြာပြီးတဲ့ နောက် နျင်းချုက တာဝန်ရုံးကို ရောက်လာခဲ့တယ်။ ပြီးတော့ ဘာမှမပါလာတဲ့ သိုလှောင်အိတ်လေးကို ပြန်ပေးလိုက်တယ်။

'' ကျွန်တော် တောင်းပန်ပါတယ်........  ''

တာဝန်ခံ က အဲ့တာကို ကြားတဲ့ အခါ သူက အိတ်ကို ပြန်မယူပဲနဲ့ ပြောလိုက်တယ်။

နဂါးလေးတွေကိုပျိုးထောင်မယ်![Tran]Où les histoires vivent. Découvrez maintenant