အပိုင်း (28)

1.9K 374 1
                                    

(28) နဂါးဥ (၃)

နျင်းချု က ဂိမ်းကို အချိန်အတော်ကြာ ထိအောင် ကြည့်ပြီးတဲ့နောက်မှာ နောက်ဆုံးတော့ ဘားတန်းက 3% ရောက်ရှိသွားပြီပဲ ဖြစ်လေတယ်။

ဒီနှုန်းနဲ့ ဆိုရင် မနက်ဖြန် မနက်တောင်မှပဲ ဘားတန်း က ပြည့်နိုင်ပါ့မလား........။

အောင်းဝ်စန်းလေး ကလည်း စိတ်လှုပ်ရှားနေမှန်း သိလိုက်ရတဲ့ အတွက်ကြောင့် သူက သာသာလေး ပုတ်ပေး လိုက်တယ်။

'' အဲ့တာ က အဆင်ပြေပါတယ်။ စိတ်ပူမနေပါနဲ့''

အောင်းဝ်စန်း က တဖြေးဖြေး နဲ့ စိတ်ပြန်တည်ငြိမ်လာပြီးတဲ့နောက် နျင်းချု ရဲ့ ခေါင်းအုံးနားကို သွားကာ လဲချလိုက်တော့တယ်။

သူခန့်မှန်းလို့ရတာ ကတော့ အောင်းဝ်ဝူ ပြန်လည်ရှင်သန် လာဖို့ရာ အတွက် ပြဿနာ အနည်းငယ် ကြုံနေ ရတယ် ဆိုတာ ကိုပေါ့။ ဒါပေမယ့် သူက နျင်းချု ကို ယုံကြည်လေတယ်။ ပြီးတော့ နျင်းချုမှာလဲ ဖြေရှင်းချက် တစ်ခု ရှိလေတယ်။

ပြန်လည်ရှင်သန်ခြင်း လုပ်ငန်းစဉ် က အတော်လေး နှေးတာ ကြောင့် နျင်းချုက အချိန်ရတုံးလေး ထိုစာတန်းကို ပိတ်ကာ နဂါးကျွန်း မြေပုံထဲကို ဝင်လိုက်လေတယ်။

သူက မနေ့က အော့ဖ်လိုင်း ဖြစ်သွားတဲ့ နေရာမှာပဲ ပြန်ပေါ်လာ ပြီး သူမြေပေါ်မှာ ပုံဖော်ခဲ့တဲ့ နျင်း ဆိုတဲ့ စကားလုံး ကလည်း လေတိုက်လို့ လွင့်သွားပြီ  ဆိုတာကို တွေ့လိုက်ရ တယ်။

ဒါကြောင့် သူက မြက်တွေကို ရှာလာပြီးတော့ အဲ့နေရာမှာပဲ ပြန်ရေးထားကာ လွှင့်မသွားစေရန် ကျောက်တုံးတွေနဲ့ ပါ ခုခဲ့လေတယ်။

သူလည်းပြီးရော သူက အနောက်ကို ပြန်လှည့်ကာ ဂူဆီကို သွားပြီးတော့ နဂါးပေါက်စ တွေကို သွားကြည့်ဖို့ အသင့်ဖြစ်နေခဲ့ ပါပြီ။ ဒါပေမယ့် သူလှည့်လိုက်တာနဲ့ ခရမ်းရောင် နဂါးပေါက်လေး ဟာ မြေပေါ်မှာ ဆောင့်ကြောင့် ထိုင်နေပြီးတော့ သူရေးခဲ့တဲ့ ဟာတွေကိုစိတ် ရှုပ်ထွေးစွာနဲ့ ကြည့် နေတာကို တွေ့ခဲ့လေတယ်။

မိုးကြိုးနဂါးကြီး က ပြန်ရောက်ရောက်ချင်းမှာပဲ သူက ပတ်ဝန်းကျင်ကို ပတ်သွားကာ တစ်ခြား ခြေရာလက်ရာတွေများ ကျန်နေခဲ့သလား ဆိုတာကို လိုက္လံ စစ်ဆေးခဲ့လေတယ်။ သူက ဒီနေရာကို ရောက်လာတဲ့ အခါမှာတော့ မနေ့က ဒီနေရာမှာ ရှိတဲ့ မြက်တွေနဲ့ သစ်ကိုင်းတွေကို လေပေါ်မြောက်အောင် လုပ်မိခဲ့တာမလို့ အခုချိန်မှာတော့ အနည်းငယ်ဝေးတဲ့နေရာမှာ ဆင်းပြီး ပုံပြောင်းခဲ့တာ ပဲ ဖြစ်လေတယ်။

နဂါးလေးတွေကိုပျိုးထောင်မယ်![Tran]Donde viven las historias. Descúbrelo ahora