အပိုင်း (100)

771 130 0
                                    

(100) အရှင် နဂါး နတ်ဘုရား ၂

နျင်းချု က ကောင်းကင် ပေါ်ကို မော့ကြည့် လိုက် ပြီးတော့ ပြောလိုက်တယ်။

'' အခုက အတော်မှောင် လာပြီပဲ။ငါတို့ အရင်ဆုံး ပြန်ကြ စို့လေ ''

နျင်းချု က အကယ်ဒမီ ကို ပြန်လိုတာ ပဲ ဖြစ်ပြီးတော့ အောင်းဝ်အာ့ က သူနဲ့အတူ လိုက်နေ ဖို့ အဆင်ပြေ တယ် ဆိုရင် လည်း ဖြစ်လေတယ်။ သူက နေရာအသစ် ကို ငှားထားတာ ဖြစ်ပြီးတော့ အဲ့လိုမှ မဟုတ်ရင် တစ်ခြား နဂါးလေး တစ်ကောင် ထပ်ပေါင်း လိုက်ရင် အရမ်းပဲ...... ပြည့်ကျပ် သွားမှာ ကို ကြောက်ရ လေတယ်။

အောင်းဝ်အာ့ က သူ့ကို မော့ကြည့်လိုက် ပြီးတော့ အောင်းဝ်အာ့ မျက်လုံးထဲ က သံသယ တွေ ဟာ အရမ်းကို သိသာထင် ရှား နေလေတယ်။

ဘာလို့ နျင်း က အဲ့နေရာဆီကို ပြန်ချင် နေရတာ လဲ?

နျင်းချု က ကျောင်းသား တစ်ယောက် ဆိုတာကို အောင်းဝ်အာ့ သိလိုက် ရတဲ့ အချိန်တုံး က သူ အရမ်းကို ရှုပ်ထွေး သွားခဲ့ ရလေတယ်။

သူက လည်း  ကျောင်းသွား ဖို့ လိုသေးတာ ပဲလား?

နျင်းချု နဲ့ အောင်းဝ်အာ့ တို့က တစ်ယောက် ကို တစ်ယောက် ပြူးကျယ်စွာ ကြည့်နေ ကြပြီး တဲ့နောက် သူနဲ့ အောင်းဝ်အာ့ တို့ ဆက်သွယ်မှု မလုပ်ရ သေးဘူး ဆိုတာကို သတိ ရသွား လေတယ်။

အစကတော့ သူက အောင်းဝ်အာ့ နဲ့ စာချုပ် မချုပ်ခင်မှာ ကျောင်းကို အရင်ပြန်ဖို့ရာ အတွက် လုပ်ခဲ့ ပေမယ့် အခု ကျတော့ နောက်မှ လုပ်မယ် လို့ တွေးထားတဲ့ ဟာကို အရင်ဆုံး လုပ်ရတော့ မှာပဲ ဖြစ်လေတယ်။

နျင်းချု က ဂိမ်းထဲက ဝန်ဆောင်မှု ဆိုတာကို ဖွင့်လိုက်ပြီး အရင်နဂါး တွေနဲ့ စာချုပ် ချုပ်သလို လုပ်လိုက်ကာ ဒီတစ်ခါတော့ ဘာမှ ပြောစရာတောင် မလိုပဲ ပြီးသွား လေတယ်။

စာချုပ် ချုပ်ပြီး တဲ့နောက် သူက အောင်းဝ်အာ့ ကို ရှင်း ပြလိုက် လေတယ်။

'' ဝူးယူး နဲ့ စန်းစန်း တို့က အကယ်ဒမီ မှာ ကျန်နေ ခဲ့သေးတယ်လေ။ သူတို့ကို ငါသွားပြီး ပြန်ရှာ ရအုံးမယ်လေ ''

နဂါးလေးတွေကိုပျိုးထောင်မယ်![Tran]Donde viven las historias. Descúbrelo ahora