အပိုင်း (64)

1.3K 199 2
                                    

(64) မဟူရာ ချောက်နက် နဂါး ၃

သူ့ရဲ့ မျက်နှာဖုံး ကို မတပ်ထားတာ ကြောင့် သူ့ရဲ့ ကြောင်အ နေတဲ့ မျက်နှာ ကြီးကို တွေ့ ရမှာ ပဲ ဖြစ်လေတယ်။

'' ....အဲ့ဒါ က ကောင်းလို့လား? ''

ဝူးယူး က သူ့ခေါင်းကို မော့ပြီး အေးဆေးစွာ နဲ့ပဲ ပြောလိုက်လေတယ်။

'' ဟုတ်ကဲ့ ''

မြေပြင်ကို ရှင်းပြီး သွားတဲ့နောက် နျင်းချု က အောင်းဝ် စန်း လေးကို အစာကျွေး ဖို့လို ပါသေးတယ်။

'' ငါ အဲ့နေရာကို တစ်ခဏ လောက် သွားလိုက် အုံးမယ် ''

နျင်းချု က မထွက် သွားခင် မှာ သတိ ပေးလိုက်တယ်။

'' ငါ့ နောက်ကို လိုက် မလာနဲ့နော် ''

သူလည်း ထွက်သွား ပြီးရော ဝူးယူး က သူနဲ့ အတူ ယူလာတဲ့ အုပ်ဂျုံတွေကို ထုတ်ယူ လိုက်တယ်။ ပြီးတော့ သူ့အိပ်ကပ် ထဲက အောင်းဝ်ဝူ လေးကို လည်း ကျွေးမွေး လိုက်တယ်။

နေ့လည်ခင်း ပိုင်းမှာတော့ သူတို့ နှစ်ယောက် က အတန်ငယ် ဝေးတဲ့ အထိ သွားခဲ့လေတယ်။ နေရာ အနှံ့မှာ ပတ်သွား နေတဲ့ မှော်သားရဲ တွေကိုလည်း လမ်းတစ်လျောက် မှာ မောင်းထုတ် ခဲ့လေတယ်။ အဲ့နေရာမှာ နျင်းချု အစာကျွေးချင် တဲ့ နဂါး အနည်းငယ် လည်း ရှိနေပါ သေးတယ်။

ဒါပေမယ့် သူတို့က အဝေးကိုသာ တိုက်ရိုက် ပျံသွား ကြလေတယ်။ သူတို့က နျင်းချု တို့ အနားကို မကပ်ရဲ ကြပါပေ။

အချိန်က မှောင်လု နီးပါး ဖြစ်တဲ့ အခါ မှာတော့ နျင်းချု က အကြံ ပေးလိုက် လေတယ်။

'' ငါတို့ ပြန်သင့် နေပြီ မလား? ''

ဝူးယူး က တုံ့ဆိုင်း နေပြီးတော့ နဂါးပုလေး ကို ထုတ်လိုက်တယ်။ နဂါးပုလေး က ဝူးယူးရဲ့ ခြေထောက် နားဆီကို ခေါင်းငုံ့ လာခဲ့တယ်။ ဝူးယူး က နျင်းချု ကို ပြောလိုက်တယ်။

'' မင်း ငါနဲ့ အတူ လိုက်စီးပါ ''

သူက နဂါးပု နောက်ကျော ပေါ်မှာ နျင်းချူ ကို သူနဲ့ အတူ လိုက်စီးဖို့ ဖိတ်ခေါ် ပေမယ့် သူ့အသံ က အဲ့လို မျိုး မတူ ခဲ့ ပါပေ။

နဂါးလေးတွေကိုပျိုးထောင်မယ်![Tran]Donde viven las historias. Descúbrelo ahora