အပိုင်း (63)

1.3K 211 2
                                    

(63) မဟူရာ ချောက်နက် နဂါး ၂

ဝူးယူး နဲ့ အတူ ခရီးထွက် တဲ့ အချိန်မှာ တော့ အောင်းဝ်စန်း က သူ့ရဲ့ မျက်နှာကို ထွက်ပြစရာ မလိုတဲ့ အပြင် သူ့ရဲ့ နဂါး အရှိန်အဝါ တွေကိုပါ လွှင့်ပြီး ဖိနှိပ်ထား ဖို့ မလိုတော့ပါပေ။ ဒါကြောင့် မလို့ သူတို့ သွားတဲ့ လမ်းမှာ မှော်သားရဲ တွေ ရဲ့ အရေအတွက်က  အများကြီး ကြုံတွေ့ လာရလေတယ် ။

ဗိုက်ဆာ နေပြီးတော့ အဆင့်လည်း မြင့်တဲ့ မှော်သားရဲ တစ်ကောင် က လမ်ယမ ရဲ့ ဘေးမှာ ပေါ်လာ ခဲ့လေတယ်။

အဲ့တာ က ကိုယ်ကြီး က ကြီးကာ အတော် လည်း သန်မာ ပြီးတော့ ခြင်္သေ့ နဲ့ ကျားတို့ ပေါင်းစပ် ထားဟန် ပေါ်လေတယ်။ သူက မျက်လုံး စိမ်းကြီး တွေနဲ့ ချီဟန် ကို စိုက်ကြည့် နေခဲ့ လေတယ်။

နျင်းချု က တိုက်ခိုက်ဖို့ အသင့် ဖြစ်သွား ပြီးတော့ သူ့လက်မောင်း က တဖြေးဖြေး မီးတွေ တောက် လာခဲ့ ပေမယ့် ဝူးယူး က သူ့ရှေ့ မှာ ဝင်ရပ် လိုက်လေတယ်။

အဲ့ ကိုယ်နေ ဟန်ထား က သေချာ ပေါက် နျင်းချု ကို ကာကွယ် ပေးတာ ပဲ ဖြစ်လေတယ်။ သူက နျင်းချု တုံ့ပြန် လာတာ ကိုတောင် မစောင့်ပဲ အရှေ့က သားရဲဆီကို ဆက်ကနဲ လက်သီး တစ်လုံး ပစ်သွင်း လိုက် လေတယ်။

နောက်တော့ နျင်းချု ရှာတွေ့ သွားတာ က ဝူးယူး တစ်ယောက် ထဲ.......  အဲ့တာကို ဖြေရှင်း နိုင်တယ် ဆိုတာ ကိုပေါ့လေ။

နျင်းချု က ဝူးယူး ရဲ့ တိုက်ပွဲ ကို အနီးကပ် တစ်ခါမှ မကြည့် ဘူး ပါပေ။ သူက အကြိမ်တိုင်း ပွဲကြည့်စင် ရဲ့ အစွန်းနား ကနေ ပဲ ရပ်ပြီးတော့ ကြည့်ခဲ့ ဘူးတာ ပဲ ဖြစ်လေတယ်။ ပြီးတော့ ပွဲစဥ် ကလည်း အမြန်ပဲ ပြီးသွား တက်တာကြောင့် သူက တစ်ဖက် လူကို အရင်က အာရုံ အများကြီး မစိုက်ခဲ့ ပါပေ။

(ဘယ်စိုက်မလဲ လောင်းကြေးပဲ အာရုံစိုက် နေတာကို 🤣)

အခုတော့ သူအာရုံ စိုက်မိ သွားတာ က ဝူးယူး သုံးတဲ့ မှော်စွမ်းအင် က လုံးဝ ကို သန့်စင်တဲ့ အနက်ရောင် ဆိုတာ ကို ပေါ့။

နျင်းချု က သီအိုရီ အတန်း ကို တက်တဲ့ အတွက်ကြောင့် သူက စာအုပ်ထဲက သင်ပြီးသား အသိပညာ တစ်ချို့ကို ပြန်ပြီးတော့ တွေးလိုက်တယ်။

နဂါးလေးတွေကိုပျိုးထောင်မယ်![Tran]Nơi câu chuyện tồn tại. Hãy khám phá bây giờ