အပိုင်း (93)

731 136 0
                                    

(93) အဲ့ဒါက နဂါး တစ်ကောင်ပဲ!

နျင်းချု က ပေါ်ဝမ် ရဲ့ မြင်ကွင်း ကို ကွယ်ဖို့ ရာ အတွက် အိပ်ယာ လိုက်ကာ ကို ဆွဲလိုက်ကာ ကာလိုက်တယ်။ ပေါ်ဝမ် က နျင်းချု ရဲ့ နောက်က အိပ်ယာပေါ်မှာ အရိပ်မဲ တစ်ခု ဖြတ်သွားတာ ကို တွေ့လိုက် ပေမယ့် သူက မျက်မှန် မတပ်ထား မိပေ။ ဒါကြောင့်မို့ သူ ထပ်ကြည့် တဲ့ အချိန်မှာတော့ အဲ့တာက ပျောက်ကွယ် သွား ပြီပဲ ဖြစ်လေတယ်။

သူက ပစ္စည်း တစ်ခု ခုကို မြင်လိုက်ရတာ နေမှာ ပါလေ ဆိုပြီးတော့ ခေါင်း ကို ပြန်ဆုတ်ကာ  ပြောလိုက်လေတယ်။

'' ငါလန့် သွားတာ ပဲကွာ........ မင်း သေချာ လေး ဂရုစိုက်သင့်တယ် နော် ''

နျင်းချု က ဖြေ ပြီးတော့ အိပ်ယာ ထဲကို အမြန်ဝင် လိုက် လေတယ်။

အခုလေး တင် ဖြစ်သွားတဲ့ အသံကျယ် ကြီးကြောင့် နဂါးတွယ်တက် ဖရိန် ရဲ့ အသိုက်တွေ ထဲမှာ အိပ်ပျော် နေကြတဲ့ နဂါးလေး သုံးကောင် က နိုးလာ ပြီးတော့ တစုတစည်း ထဲ နျင်းချု ကို ဝိုင်းပြီးတော့ ကြည့်နေ ကြတယ်လေ။

ခေါင်းအုံးပေါ် က နဂါး နက်လေး ကလည်း ပဲ သူ့ကို စိုက်ကြည့် နေခဲ့လေတယ်။

နျင်းချု ရဲ့ မျက်နှာထား က အနည်းငယ် တင်းမာ သွားကာ အသံ တိုးတိုးလေး နဲ့ ပြောလိုက်တယ်။

'' မကြည့် ကြနဲ့တော့ ''

အောင်းဝ်စန်း နဲ့ အောင်းဝ်စစ် တို့က အချင်းချင်း ကြည့်လိုက်ကာ သူတို့ရဲ့ ကိုယ်လေး ကို ​ကျုံ့ထား ပြီး သူတို့ နဖူး ပေါ်က  ဂျိုလေး တွေပဲ ပေါ်နေ တော့တယ်။ အောင်းဝ်ဝူ တစ်ယောက် သာလျှင် ပုန်းဖို့ ငြင်းဆိုတာ ဖြစ်ပြီးတော့ သူမရဲ့ လက်သည်းလေး တစ်ဖက်ကို ဆန့်ထုတ် ကာ ဝေ့ယမ်း နေပြီးတော့ နျင်းချု အခုလေး တင် ပြုတ်ကျ သွားတာ ကို စိုးရိမ်နေ ဟန် ပေါ်လေတယ်။

နျင်းချု က သူ အဆင် ပြေတယ် ဆိုတာ ကို ပြသ ဖို့ ရာ အတွက် သူမလေးရဲ့ လက်လေး ကို အသာလေး ဖြစ်ညှစ် လိုက်လေတယ်။

နျင်းချု က အိပ်ယာပေါ် လှဲ ချလိုက်ပြီး တဲ့နောက် သူ့ခေါင်းအုံး ဘေးမှာ ထိုင်နေတဲ့ နဂါးနက်လေး ဘက်ကို ကျောပေး  ခဲ့လေတယ်။ အခုတော့ သူ့ဆီကနေ ဝူးယူး က ဘာလို့ ပုံစံ အမှန်ကို ဖုံးကွယ်ထား ရသလဲ ဆိုတာ ကို သူနားလည် သွားပြီပဲ ဖြစ်လေတယ်။ အဲ့ဒါက အရမ်း ကိုပဲ ကို့ယို့ကားယား ဖြစ်တဲ့ ခံစားချက် ကြီး ကို ရစေ တယ်လေ။

နဂါးလေးတွေကိုပျိုးထောင်မယ်![Tran]Donde viven las historias. Descúbrelo ahora