အပိုင်း (15)

2.2K 343 4
                                    

( 15)  စုဝေး စျေးတန်း (၅)

နျင်းချု က ပေါ်ဝမ်ရဲ့ ငွေပြန်ယူဖို့ ဆွဲခေါ် သွားခံ ရချိန်မှာ သူက ဝူးယူး ရဲ့ ဘေးဘက်အနေအထားကို တစ်ချက်ကြည့်ကာ အကြိမ်ရေ အနည်းငယ်လောက် ကို သူက ထပ်ကြည့်ခဲ့လေတယ်။

အမဲရောင် ဆံပင်လေး နဲ့ ကောင်လေး က သူ့ရဲ့ စာချုပ်သားရဲကို ပြန်ထားပြီးတော့ မတူညီစွာပဲ ပြန်ထွက်ခွာတဲ့ အချိန်မှာ သိသိသာသာ ကိုပဲ အပြင်ဘက်က လူတွေက လမ်းရှင်းပေး ကြလေတယ်။

လောင်းကြေး ထပ်ထားတဲ့ ရွှေ သုံးပြားလည်း ပြန်ရတဲ့ အပြင် နောက်ထပ် လောင်ကြေး နိုင်လို့ ထပ်ပေါင်း ရတဲ့ ရွှေပြား ၂ ပြား ကိုပါ ထပ်ရသေးလေတယ်။

နျင်းချုက ရွှေ သုံးပြား ကို ပေါ်ဝမ် ဆီပြန်ပေး လိုက်ပြီးတော့ သူများတွေက သူတို့ရဲ့ နောက်အသုံးစရိတ် အတွက် သိမ်းထားပေမယ့် နျင်းချူ ကတော့ ရွှေ ၂ပြားကို ဂိမ်းထဲ ထည့်လိုက်လေတယ်။

သူတို့ရဲ့ အိပ်ဆောင်ကို ပြန်တဲ့ အချိန်မှာတော့ အချိန်က အရမ်းကို နောက်ကျ နေပြီ ပဲ ဖြစ်လေတယ်။ ပြီးတော့ နောက်နေ့ ကျရင်လည်း သူတို့မှာ သီအိုရီ အတန်းလည်း ရှိနေသေးတယ်လေ။ နျင်းချူ က သူ့ရဲ့ အိပ်ယာပေါ်ကို လှဲကာ (( နဂါးကျွန်း )) ကို ဖွင့်လိုက်လေတယ်။

မြေပုံ ကလည်း သော့ပွင့် သွားပြီ ဖြစ်ကာ အပေါ်စီး ကနေ မြင်ရတဲ့ ရှုကွင်း တစ်ခု လုံးကတော့ နဂါးကျွန်း တစ်ခုလုံးဟာ ကြီးမားတဲ့ အစိမ်းရောင် ဧရိယာ ကြီးနဲ့ ဖုံးလွှမ်း ခံထား ရတာ ကို တွေ့လိုက်ရတယ်။

အစိမ်းပိုရင့်လာလေလေ အဲ့နေရာမှာ အပင်တွေ ပိုများလာလေလေ ပါပဲ။ ပြီးတော့ တစ်ခါတုံး က နေထိုင်ခဲ့ ဘူးတယ် လို့ ဖော်ပြနေတဲ့ နံရံတောင်မှ ပဲ အစိမ်းရောင် အပင်တွေနဲ့ ဖုံးလွှမ်းခြင်း ခံထား ရတယ်။

နျင်းချူ က အဲ့ ဧရိယာ ထဲကို ဝင်ဖို့ ကြိုးစား ခဲ့ ပြီးတဲ့နောက် အဲ့နေရာမှာ အရင်က သူဂိမ်းထဲမှာ ဆောက်ခဲ့တာ တွေ မရှိတော့ဘူး ဆိုတာကို တွေ့လိုက်ရလေတယ်။ ဒါပေမယ့် သူက ကိရိယာတွေ ကို ထုတ်ပြီးတော့ အပင်တွေကို ခုတ်လှဲ လို့ရပေမယ့် သူ့ရဲ့ ဂိမ်းဇာတ်ကောင်လေး ကတော့ မပေါ်တော့ပါပေ။

နဂါးလေးတွေကိုပျိုးထောင်မယ်![Tran]Tempat cerita menjadi hidup. Temukan sekarang