အပိုင်း (108)

687 107 0
                                    

(108) လိမ်မာတဲ့ ကောင်လေး ၂

အနက်ရောင် နဂါးလေး က မျက်လုံး နီတွေနဲ့  သူ့ကို တစ်ချက် စိုက်ကြည့် ပြီးတော့ စိတ်ချင်းဆက်သွယ် ပြီး ပြောလိုက်တယ်။

[ သူ့ရှေ့မှာ ဘာမှ ကို ထပ်ပြီးတော့ ထုတ်မပြောနဲ့! ]

အောင်းဝ်အာ့: [ ?]

'' ဆိုတော့ အဲ့တာ က အဲ့လို မျိုးပေါ့လေ..... ''

နျင်းချုက အောင်းဝ်ပေါင်ပေါင်းကို စူးစိုက် ကြည့်လိုက် ပြီးတော့ '' ဟမ်း '' ဆိုတဲ့ အသံဖျော့လေး တစ်ခု ကိုသာ ထုတ်လိုက်တယ်။

ထိုဟာကို နဂါးနက်လေးက ကြားလိုက် ရတော့ သူက နျင်းချု ကို စိတ်ရှုပ်ထွေး စွာနဲ့ ကြည့် လိုက် မိလေတယ်။

နျင်းချု က သူ့ကို ဒေါသ ထွက်တာ လား ဒါမှမဟုတ် ဒေါသ မထွက်တာ လား?

နျင်းချု က သူ ထွက်သွား ပြီးတဲ့နောက် အနောက်ကို နည်းလမ်း မှန်မှန် နဲ့ လိုက်ရှာ မလာလို့ အပြစ်တင် နေတာ များလား?

နဂါးနက်လေး က သူ့ဘာသူ တွေးပြီးတော့ အရှေ့ကို တိုးသွားကာ ရှေ့ခြေရဲ့ လက်ဖဝါးလေး တစ်ဖက်ကို နျင်းချု ရဲ့ ခြေထောက် ပေါ် တင် လိုက် လေတယ်။

'' အာဝူး... ?''

နျင်းချု ရဲ့ မျက်လုံးတွေ က ပြူးကျယ် သွားတော့တယ်။ သူမှားကြား မိတယ် ဆိုပြီးတော့ သံသယ ဝင်လု နီးပါးပဲ။

နဂါးနက်လေး က သူ့ရဲ့ အခွံ ကနေ ခွဲထွက် လာပြီးတဲ့နောက် အခုလို  အသံမျိုး လုပ်တဲ့ အကြိမ် အရေအတွက် က လက်တစ်ဖက် တောင် မပြည့်ပါပေ။ တစ်ခါ ကဆို နျင်းချု က ထိုကောင်လေး ကို အအလေး လို့တောင် တွေးမိ လေတယ်။ 

အခုတော့ သူက တစ်စုံတစ်ခု ကို ကြားလိုက် ရပြီလေ။ ပေါင်ပေါင်းလေး ..... မဟုတ်သေးဘူး ဝူးယူး လေး က အခု ချိန်မှာ အလိုလိုက် ခံထား ရတဲ့ ကလေး လို ပြုမူ နေတာ လား?

နျင်းချု က နဂါးနက်လေး ​ကို ကောက်ကိုင် လိုက်ပြီးတော့ အနည်းငယ် မြင့်တဲ့ နေရာကို မြှောက်လိုက်တယ်။ သူက အခုချိန်မှာ  ဝူးယူးရဲ့ အမူအရာ မဲ့ မျက်နှာ နဲ့ '' အာဝူ '' ဆိုတဲ့ အသံလေး လုပ်တဲ့ ဟာကို တွေးကြည့် မိလေ တယ်။ ပြီးတော့ မရယ်မိအောင် ထိန်းထား လိုက်ကာ ဆက်ပြောလေတယ် ။

နဂါးလေးတွေကိုပျိုးထောင်မယ်![Tran]حيث تعيش القصص. اكتشف الآن