အပိုင်း (103)

749 126 0
                                    

(103) အလုပ်သမား အင်အား ၂

အီလေ က နျင်းချု နဲ့ မျက်စောင်း ထိုးခုံမှာ ထိုင်လိုက် လေတယ်။

'' ဒီတစ်ကြိမ် မင်း နဲ့ နဂါးနတ်ဘုရား တို့က ဘာကြောင့် ဒီနေရာကို လာကြ သလဲ ဆိုတာကို ငါမေးချင် လို့ပါ....... ''

အောင်းဝ်အာ့ က အဝေးကြီး ကနေ ပျံသန်း လာရတဲ့ အတွက်ကြောင့် သူက အနည်းငယ် ပင်ပန်း နေပြီ ဖြစ်ကာ မျက်လုံး မှိတ်ပြီး နျင်းချု ရဲ့ လက်မောင်း ထဲမှာ အနားယူ နေခဲ့ လေတယ်။

သူက လူပုတွေ ရဲ့ ခရီးဦးကြို ခြင်း နဲ့ နှုတ်ဆက် ခြင်း တို့ကို လက်ခံရတာ ကျင့်သား ရနေ ပြီ ဖြစ်ပေမယ့် လို့ အခုချိန်မှာတော့ နျင်းချုပါ သူနဲ့ အတူ ပါလာတယ် ဆိုတော့ ထိုလူပု တွေနဲ့ နျင်းချု ဘာသာ ပဲ ဆက်သွယ် ပြောဆို ရတာ က ပိုလွယ် သွားပြီလေ။

နျင်းချု က အောင်းဝ်အာ့ ရဲ့ ခေါင်းလေး ကို ပွတ်ပေး လိုက်တယ်။

'' သူက ငါ့ကို ဒီနေရာဆီ ခေါ်လာ ခဲ့တာ ပါ ''

နျင်းချု က ခေါင်းကို လှည့် ကြည့်လိုက်တော့ မိုင်းတွင်း ထဲမှာ တစ်ချို့ လူပုလေး တွေ အလုပ် လုပ်နေ ကြဆဲ ပဲ ဆိုတာကို တွေ့လိုက် ရလေတယ်။ ပြီးတော့ သူတို့ရဲ့ ဘေးနား မှာလည်း သာမန် နဂါး တစ်ကောင် ဒါမှ မဟုတ် ၂ကောင် ရှိနေ ကြလေတယ်။

ထိုသာမန် နဂါးမျိုးတွေက နဂါးမျိုးစိတ် ထဲမှာ အနိမ့်ပိုင်းမှာ ရှိတယ် ဆိုပေမယ့် သူတို့က အရမ်းကို သန်မာ ကြလေတယ်။ နဂါးတွေက ချွန်ထက်တဲ့ လက်သည်းတွေ ၊ အမြီးတွေ နဲ့ ကျောက်တုံး ကြီးတွေကို ထုခွဲ ပေးပြီးတော့ သတ္တုထည့် လှည်း ကိုတောင် ဆွဲနေ ကြသေးတယ်လေ။

'' ဒီဟာက......  ''

နျင်းချု က နဂါးတွေနဲ့ လူပုလေး တွေ အတူတူ သဟ ဇာတ ဖြစ်နေတဲ့ လေထု ကြီးကို ကြည့်နေ မိလေတယ်။ ပြီးတော့ အောင်းဝ်အာ့ ပြောတဲ့ ငွေရှာနိုင်မယ့် နည်းလမ်း ဆိုတာကို သဘော ပေါက်သွား တော့တယ်.....။

'' မင်းကို ကြည့်ရတာ တော့ အခုချိန် ထိ မသိသေးဘူး နဲ့ တူပါတယ် ''

အီလေ က အိပ်ပျော်နေတဲ့ အောင်းဝ်အာ့ ကို တစ်ချက် ကြည့်လိုက် ပြီးတော့ သူ့ရဲ့ လေသံ က အတော်လေး ကို ပျော့ပျောင်း သွားလေတယ်။

နဂါးလေးတွေကိုပျိုးထောင်မယ်![Tran]Where stories live. Discover now