အပိုင်း (107)

556 97 1
                                    

(107) လိမ်မာတဲ့ ကောင်လေး ၁

နျင်းချု နိုးလာပြီ ဆိုတာကို ကြားလိုက် ရတဲ့ အခါ အောင်းဝ်အာ့ က အိပ်ပျော် ချင်ယောင် ဆောင်နေ ပြီးတော့ တည်ငြိမ် အေးဆေးစွာ နဲ့ပဲ တိတ်တိတ် လေး နေလို ခဲ့တယ်။

သူ့ရဲ့ မျက်လုံး ကို ဖွင့်ကြည့် လိုက်တဲ့ အချိန်မှာတော့ သူ့ကို အပေါ်စီး ကနေ ငုံ့ကြည့်နေတဲ့ အောင်းဝ်စန်း ရဲ့ အကြည့် တွေနဲ့ တွေ့ဆုံ သွားခဲ့ လေတယ်။

သားပေါက်လေး နှစ်ကောင် ရဲ့ အကြည့်တွေက အချင်းချင်းပဲ တွေ့လိုက် ရတော့ တစ်ခဏ ကြောင်အန်း သွားကြကာ အောင်းဝ်အာ့ က ခေါင်းကို လှည့် ပြီး အရင်ဆုံး ထွက်ပြေး လေတယ်။ ထိုအခါ အောင်းဝ်စန်း က သွားဖြဲ ပြီးတော့ မာန်ဖီ ပါတော့တယ်။

အောင်းဝ်စန်း ပစ်ထုတ် လိုက်တဲ့ မီးဘောလုံး က အောင်းဝ်အာ့ ရဲ့ အမြှီးနား ထိကို ရောက်တယ် ဆိုပေမယ့် ကပ်သီလေး လွတ်အောင် ရှောင်လိုက် နိုင်တဲ့ အတွက်ကြောင့် အောင်းဝ်အာ့ ရဲ့ အနောက်မှာ ရှိတဲ့ ဗီရိုကိုသာ ထို မီးဘောလုံး က ရိုက်ခတ် မိသွားတာ ပဲ ဖြစ်လေတယ်။

ကံကောင်းတာ က အဲ့ဗီရိုကို သံနဲ့ လုပ်ထားတာ ဖြစ်ပြီးတော့ ထို မီးဘောလုံးက ဗီရိုပေါ်မှာ အမှတ်ရာ ​ဖျော့ဖျော့လေး ထင်ကျန်စေ ပြီးတော့ ဘာမှ မီးလောင်လွယ်တဲ့ ပစ္စည်းတွေ နဲ့ မထိတွေ့ပဲ ပျောက်ကွယ် သွား လေတယ်။

နျင်းချု ခမျာ အောင်းဝ်အာ့ တစ်ကောင် မီးဘောလုံးကို ရှောင်ပြီး လေပေါ်မှာ ဝဲမနေ ခင်အထိ စိတ်သက်သာရာ ရစွာနဲ့ သက်ပြင်း မချရဲ ခဲ့ပေ။ နောက်တော့ အောင်းဝ်အာ့ က ဦးတည်ရာ ကို ပြောင်းလိုက် ပြီးတော့ ပြန်လှည့်ကာ တောင်ပံကို လှုပ်လိုက် လေတယ်။

ပြင်းထန်တဲ့ လေတစ်သုတ် က အောင်းဝ်စန်း ရှိရာဆီကို တိုက်ခတ် လာပြီးတော့ အောင်းဝ်စန်း ကို အဝေးဆီ ရောက်အောင် ပစ်တွန်း လိုက်လေတယ်။ အောင်းဝ် စန်းခမျာ ဒေါသ ထွက်လွန်းလို့ နှာခေါင်းထိပ်ထိ မီးလောင်ကျွမ်း တော့ မလို ဖြစ်နေ လေတယ်။ ဗီရိုပေါ်က စာအုပ်တွေနဲ့ အသေးအဖွဲ ပစ္စည်းတွေ ကတော့ ထိုလေကြောင့် အောက်ကို ပြုတ်ကျ ပြန့်ကျဲ သွားတော့ လေတယ်။

နဂါးလေးတွေကိုပျိုးထောင်မယ်![Tran]Tempat cerita menjadi hidup. Temukan sekarang