အပိုင်း (53)

1.7K 298 5
                                    

(53) ထောင်ချောက် ၂

အဲ့ဘက် လမ်းမှာ နဂါးရနံ့တွေ ရှိနေလေတယ်။ သူက နျင်းချု လက်ပေါ်ကနေ ပျံသန်းသွားပြီးတော့ အဲ့ဘက်ကို ဦးဆောင် သွားချိန်မှာ နျင်းချု က လဲကျနေတဲ့ သစ်ပင်နဲ့ သစ်ကိုင်းတွေ ပေါ်ကို တက်နင်း လမ်းလျောက် ပြီးတော့ တောအုပ်ထဲကို ဝင်သွားခဲ့လေတယ်။

သူက သစ်တောလေးရဲ့ အလည်ကို ရောက်တဲ့ အချိန်မှာတော့ သူက သာမန်နဂါးတွေ ကို တွေ့လိုက်ရတယ်။ ထိုကောင်တွေက ကျောက်တုံးတစ်တုံး ကို ပတ်လည် ဝိုင်းနေပြီးတော့ တိုးကပ်သွားဖို့ ကြိုးစား နေခဲ့တယ်။

သူတို့က အောင်းဝ်စန်းကို တွေ့တဲ့ အချိန်မှာတော့ အနောက်ကို ပြန်ဆုတ်သွားကာ မြက်ပင်တွေပေါ် လှဲချလိုက်ပြီးတော့ သူတို့က ခေါင်းတွေကို ငုံ့ကာ အရိုအသေ ပေးလိုက်လေတယ်။

နျင်းချု က စျေးဆိုင်ကနေ အသားစိမ်း တစ်ချို့ကို ဝယ်လိုက်ပြီးတော့ ထိုသာမန် နဂါးတွေဆီကို ပစ်ပေးလိုက်တယ်။ သူတို့က အောင်းဝ်စန်း ဆီကနေ ခွင့်ပြုချက် ရပြီးတဲ့နောက် မှာတော့ အသားစိမ်းတွေကို ပါးစပ်နဲ့ ကိုက်ကာ ထောင့် တစ်နေရာ ဆီကို ​ပြေးသွား ကြလေတယ်။

ဒီနေရာရဲ့ သစ်ပင်တွေက သိပ်ပြီးတော့ မထူထဲ တဲ့အပြင် ကြီးမားတဲ့ မြက်ခင်းပြင် ရှိကာ ကျောက်တုံး တစ်ချို့က ပျံ့ကျဲ နေလေတယ်။ နျင်းချု က အစောလေးတင်က သူကြားခဲ့တဲ့ ' ထောင်ချောက် ' ဆိုတာ ပြန်မှတ်မိ သွားလေတယ်။ ပြီးတော့ သေချာ မျက်စိနဲ့ ပိုက်စိပ်တိုက် ကြည့်လိုက်တယ်။

သူက သစ်သားမှော်စွမ်းအား ကို လက်ထဲမှာ ပစ်ထုတ်လိုက်တဲ့ အချိန် ကျောက်တုံးနား က မြက်ပင်ကို သွားထိ လိုက်တဲ့ အချိန်မှာတော့ ကြီးမားတဲ့ မှော်စွမ်းအား က ပေါက်ကွဲ ပြီးတော့ ထွက်လာခဲ့လေတယ်။

ငွေရောင် ထောင်ချောက် ကြီးက ရုတ်တရက် ပိတ်ချလာတဲ့ အခါ အနီးနားမှာ ရပ်နေတဲ့ နျင်းချု က ရှောင်ရှားလိုက်ပေမယ့် သူ့ထက်ပိုမြန်တဲ့ တစ်ခြား တစ်ယောက် ​က နျင်းချုရဲ့ လက်ကို ဆွဲလိုက်ပြီးတော့ အဝေးရောက်အောင် လုပ်လိုက်လေတယ်။

နျင်းချု က အခု ပတ်ဝန်းကျင်မှာ သက်ရှိလူရဲ့ တည်ရှိမှု ကို အာရုံမခံ မိသလို အောင်းဝ်စန်း ကလည်း သူ့ကို သတိမပေးခဲ့ ပါပေ။

နဂါးလေးတွေကိုပျိုးထောင်မယ်![Tran]Hikayelerin yaşadığı yer. Şimdi keşfedin