အပိုင်း (109)

688 120 1
                                    

(109) နေရာကနေ ထွက်ခွာ ခြင်း ၁

နောက်တစ်နေ့ မှာတော့ နျင်းချု က နဂါးလေး တွေ အတွက် လုပ်ထား အိပ်ယာဆီ ကိုကြည့် ပြီးတော့ ကြောင်အ သွား လေတယ်။

သူ့ရဲ့ ခေါင်းကို ဘေးဘီ ဝဲယာတွေ ကို လှည့်လိုက် လေတယ်။

သူမအိပ်ခင် နဂါးသားပေါက် လေး တွေကို သေချာလေး အိပ်ယာထဲ ထည့်ပြီးတော့မှ အိပ်ခဲ့တာ ပါ။ ဒါပေမယ့် သူလည်း အခုနိုးလို့ မျက်လုံး ဖွင့်လိုက်ရော သူတို့တွေ အကုန်လုံး က သူ့ဆီကို ပဲ လာပြီးတော့ တိုးဝှေ့ အိပ်နေ ကြရတာ လဲ?

'' မင်းတို့ကောင် တွေ ဘာဖြစ် နေကြတာ လဲကွ ဟမ်? ''

နျင်းချု က ပြောလိုက်တယ်။

ဒါပေမယ့် သူက မထ ချင်သေး တဲ့ အတွက်ကြောင့် ဘေးတစ်ဖက် ကို ပြန်လှည့်ကာ မျက်လုံးကို မှိတ်ပြီးတော့  ထပ်ပြီး အိပ်လိုက် လေတယ်။

'' မင်းတို့တွေ ကိုယ့်အသိုက်ကို ပြန်အိပ် ကြတော့....... ''

အောင်းဝ်ဝူ လေး က လည်း ပတ်လက်လေး လှန်ကာ သူမရဲ့ သွားသေးသေး လေးတွေ ပေါ်နေ ပြီးတော့ အိပ်ပျော် သွား ပြန်လေတယ်။

ကျန်တဲ့ နဂါးလေး တွေ ကတော့ နျင်းချု တစ်ယောက် နိုးထ လာကာ သူတို့ကို တစ်ကောင် ပြီး တစ်ကောင် မနက်စာ ကျွေးမှာကို စောင့်စား မျှော်လင့် နေ ကြလေတယ်။

အောင်းဝ်စစ် က ကောင်တာ ပေါ်မှာ လဲလျောင်း နေချိန် ထိပ်ပေါ်မှာ တင်ထားတဲ့ ပလပ်စတစ် ခွက်ကို စိုက်ကြည့် နေခဲ့ လေတယ်။

အောင်းဝ်အာ့ ကတော့ ဝရံတာ ဆီကို ပျံသန်း သွားပြီးတော့ တစ်ခဏ ကြာတော့ သူ့နောက် ကို အောင်းဝ်စန်း က လိုက်သွား တော့လေတယ်။

အောင်းဝ်အာ့ က ချက်ချင်း ဆိုသလို အလန့်တကြား နဲ့ သတိတွေ နိုးကြား သွားလေတယ်။

[ ဘာလဲ မင်းက ထပ်ပြီးတော့ တိုက်ခိုက် ချင်နေ သေးတာလား]

[ဟုတ်တယ် ၊ ငါတိုက်ချင် တယ်]

အောင်းဝ်စန်း က သူ့ရှေ့မှာ ရပ်နား လိုက်တယ်။ ပြီးတော့ အောင်းဝ်စန်း ရဲ့ မျက်လုံး ထဲမှာ ဆိုးယုတ်မှု တွေနဲ့ ပြည့်နေ ပြီးတော့ ပြောလိုက်တယ်။

နဂါးလေးတွေကိုပျိုးထောင်မယ်![Tran]Onde histórias criam vida. Descubra agora