အပိုင်း (123)

607 106 3
                                    

(123) ငါ့ကို ကိုင်ထား ပေးပါ ၃

အောင်းဝ်စစ် ကိုယ်ပေါ် က အကြေးခွံတွေ က လူ တစ်ယောက် ဒီအတိုင်း လှဲအိပ်လို့ ရတဲ့ အထိ လုံးဝ ပြားချပ် မနေ ပါပေ။ လှဲအိပ်လို့ က ရပေမယ့် လှိမ့်ပြီး အိပ်ဖို့ ကတော့ အကောင်းဆုံး နေရာ မဟုတ် ပါပေ။

နျင်းချု က လှဲအိပ်ဖို့ အတွက် သင့်တော်တဲ့ ​နေရာ တစ်ခုကို ရှာလိုက်ပြီးတော့ လှဲချလိုက် လေတယ်။ ပြီးတော့ နူးညံ့တဲ့ ကူရှင်ကို ခေါင်းအုံး လိုက်လေတယ်။ ထိုမှသာ သူ့ခေါင်းအထက် နားမှာ နဂါးလေးတွေ ရှိကြ ပြီးတော့ သူ့ဘေးမှာ ဝူးယူး ရှိနေတာ ပဲ ဖြစ်လေတယ်။

ဝူးယူး က အနက်ရောင် မှော်ပညာ ကို သုံးလိုက် ပြီးတော့ သူ့ရှေ့က တိုက်ခတ် နေတဲ့ လေပြင်း တွေကို ကွယ်ပေး လိုက်လေတယ်။ နျင်းချု က မကြာခင်မှာပဲ အိပ်မော ကျ သွား တော့လေတယ်။

တစ်ခါ တစ်ရံ တော့ နျင်းချု က လှုပ်ရှား သွားကာ တစ်ဖက်ကို လှိမ့်ဖို့ လုပ်ခဲ့ ပေမယ့် ဝူးယူး က ကြည့်ပေး နေကာ ဘေးကို ရွေ့သွားတဲ့ အကြိမ်တိုင်း နျင်းချုကို ပြန်ပြီး ငြင်သာ စွာနဲ့ ဆွဲထား ပေးခဲ့ လေတယ်။

ညရဲ့ တစ်ဝက်လောက် ရောက်တဲ့ အခါ မှတော့ အောင်းဝ်စစ် က ရပ်နားကာ အောင်းဝ်အာ့ နဲ့ နေရာလဲ ဖို့ အတွက် ပြင်ဆင်ခဲ့ လေတယ်။

အောင်းဝ်စန်း ကလည်း နိုးနေ ပြီ ဖြစ်ပြီးတော့ အောင်းဝ်အာ့ နဲ့ အတူတူ ကူရှင်ရဲ့ ဘေးအစွန်း တစ်ဖက်ဆီကို ကိုက်ထားကာ အထဲက အောင်းဝ်ဝူလေး ကို အရင်ဆုံး အောက်ချ ပေးလိုက် တော့ လေတယ်။

နျင်းချု ကလည်း အိပ်ပျော် နေဆဲ ဖြစ်ကာ ဝူးယူး က တုံ့ဆိုင်း သွားလေတယ်။ နောက်ဆုံး မှာတော့ ဝူးယူး က နျင်းချုကို မနိုးခဲ့ တော့ ပါပေ။

ဝူးယူး က သူ့လက်မောင်း တွေကို ဆန့်ထုတ်ကာ နျင်းချု ကို ပွေ့ချီ လိုက်လေတယ်။

နျင်းချု က မနိုးထ လာဆဲ ပဲ ဖြစ်ပြီးတော့ ဟမ်းသံ အနည်းငယ် ပြုကာ ဝူးယူး ရဲ့ လက်မောင်း ထဲကို မျက်နှာ မြုပ်ကာ ပြန်အိပ် သွားပြန် လေတယ်။

ဝူးယူးရဲ့ ကျောရိုးတစ်လျောက် ဖြောင့်တန်းစွာ ရုတ်ချည်း မတ် သွားပြီးတော့ ထို အနေအထား ကနေ လုံးဝ မရွေ့ခဲ့ ပါပေ။ ပြီးတော့ အောင်းဝ်အာ့ နဲ့ အောင်းဝ်စစ် တို့ကို ကြည့်ကာ အလှည့်လဲ ဖို့ အချက်ပြ လိုက် လေတယ်။

နဂါးလေးတွေကိုပျိုးထောင်မယ်![Tran]Donde viven las historias. Descúbrelo ahora