အပိုင်း (82)

773 138 2
                                    

(82) ဘေးချင်းယှဥ်တွဲ တိုက်ခိုက်ခြင်း 1

အနီရောင် နဂါးက ညအမှောင် မှာ ပျံသန်းနေကာ မိုးတွေ ကလည်း သဲကြီး မဲကြီး နဲ့ ရွာချ နေဆဲ ဖြစ်လေတယ်။ အဲ့အချိန်မှာ နျင်းချု က နဂါးနီ ရဲ့ ဂျို ကို တင်းတင်းကြပ်ကြပ် ပွေ့ဖက် ထားကာ သူ့ကိုယ်သူ လေထဲ မပါသွားအောင် ထိန်းထား နေရ လေတယ်။ ပြီးတော့ မျက်လုံးကို စုကြုံ့ကာ အဝေး တစ်နေရာ ဆီကို ကြည့်နေခဲ့ လေတယ်။

အောင်းဝ်စန်း ရဲ့ ကိုယ်က အတော်လေး ကို ပူတဲ့ အတွက်ကြောင့် မိုးရေပေါက် တွေက သူ့ရဲ့ အကြေးခွံ ပေါ်ကို ထိကျ သွားတာနဲ့ ချက်ချင်း ပဲ အငွေ့ပြန်သွားကာ မိုးရေစက် တွေက ခြေရာ လမ်းကြောင်းတောင် မကျန်ပဲ ပျောက်သွား ခဲ့လေတယ်။

နျင်းချု ရဲ့ လက်ဖဝါး နဲ့ ကိုယ် တစ်ခုလုံး က အနီဖျော့ရောင် တောက်ပ နေခဲ့တယ်။ သူ့ရဲ့ ကိုယ်အပူချိန်ကို ထိန်းသိမ်း ထားဖို့ ရာအတွက် သူက မှော်ဒြပ်စင် ကို ထုတ်သုံးနေရတာ ပဲ ဖြစ်လေတယ်။ ပြီးတော့ မီးတောက်နီ နဂါးပေါ်မှာ ထိုင်နေတာ ကို ပါ ထပ်ပေါင်း လိုက်ရင် သူ့ရဲ့ အဝတ်အစား တွေ အကုန်လုံး က စိုရွဲ နေပေမယ့် သူကတော့ လုံးဝကို အေးမနေ ပါပေ။

သူက ညလယ်ခေါင်ကြီးမှာ အပြင်ကို ဇွတ်ပြေးထွက် နေခဲ့တဲ့ အတွက်ကြောင့် သူက အနည်းငယ် တော့ စိတ်လိုက် မာန်ပါ လုပ်မိတာ ပဲ ဖြစ်လေတယ်။

ဒါပေမယ့် မိုးကြိုးမုန်တိုင်း တိမ်တိုက်တွေ က များတဲ့ အတွက်ကြောင့် သူတို့က အောင်းဝ်စစ်ကို ရှာတွေ့ဖို့ နေရာအများကြီး ရှိသွားပြီ ပဲ ဖြစ်လေတယ်။

ပြီးတော့ အောင်းဝ်အာ့ ကိုလည်း အခုချိန်မှာ တွေ့တောင် တွေ့နေ ရအုံးမှာလေ။ နျင်းချု က စိတ်သက်သာ ရာ ရစွာနဲ့ သက်ပြင်း ချ လိုက်လေတယ်။

တကယ်လို့ နဂါးလေး တွေက သူနဲ့ အတူ မနေချင်တော့ပဲ သူတို့ဘာသာ ပဲ သူတို့ သွားပြီးတော့ ကိုယ်ပိုင် နေရာတွေကို နေချင်တယ် ဆိုရင် သူတို့ရဲ့ လုံခြုံရေး ကို အာမခံ ပေးနိုင်သမျှတော့ သူက သွားခွင့်ပေး လိုက်မှာ ပဲ ဖြစ်လေတယ်။

ဒါပေမယ့် အခုတော့ အနည်ဆုံး အနေနဲ့ သူတို့ကို သူအရင်ရှာရမယ်။ ပြီးတော့ အောင်းဝ်ဝူ လေး က ပြန်ရှင် လာပြီ ဆိုတာကို သူတို့ကို ပြောပြ ရမယ်။

နဂါးလေးတွေကိုပျိုးထောင်မယ်![Tran]Where stories live. Discover now