အပိုင်း (110)

942 128 4
                                    

(110) နေရာ ကနေ ထွက်ခွာခြင်း ၂

သူက အကယ်ဒမီက နေ ထွက်ပြီးတော့ နဂါးကျွန်း အသစ်ကို တည်ဆောက် နိုင်ဖို့ အတွက် ဝင်ငွေ ရအောင် တက်နိုင် သမျှ မြန်မြန်လေး လုပ် မယ်ဆိုပြီးတော့ အစီအစဉ် ရှိထား ပြီးသား ဖြစ်လေတယ်။

ဒါ​​ကြောင့် အကြီးဆုံး ကလေးမလေး ရှိနဲ့ နေရာဆီကို လည်း တစ်ချက်လောက် သွားပြီးတော့ သူမ ဘယ်လို ရှိနေ သလဲ အဆင်ပြေ ရဲ့လား ဆိုတာကို သွားပြီးတော့ ကြည့်တာ က ပိုပြီးတော့ ကောင်း မှာပဲ ဖြစ်လေတယ်။

အခုလိုမျိုး  နဂါးကျွန်း ပေါ်မှာ သာ သူမကို မတွေ့ရရင် သူ့အနေနဲ့ သူမရဲ့ အခြေအနေ ကိုလည်း စစ်ဆေး လို့ မရတဲ့ အပြင် အထောက်အကူ ပစ္စည်းတွေ ဝယ်ပေး လို့တောင် မရ တဲ့ အတွက်ကြောင့် သူ့စိတ် ထဲမှာ သူမလေး ရဲ့ လုံခြုံရေး ကို စိတ်ပူ နေရ လေတယ်။

ဒီအချိန်မှာ လည်း အောင်းဝ်စစ် လေး က အောင်းဝ်စန်း ပြောတဲ့ နာမည် ကို ပဲ ပြောလာ ပြီးတော့ ထို နေရာက ဒီနေရာ ကနေ အတော်လေး ကို ကွာဝေးတယ် ဆိုတာ လည်း သိခဲ့ ရ​လေတယ်။

'' ဒါဆို ငါတို့ ဒီနေရာ ကနေ အရင်ဆုံး ထွက်သွား သင့်လား? ''

နျင်းချု က ဘေးနားမှာ ရှိနေတဲ့ နဂါးနက် လေးရဲ့ ခေါင်းလေး ကို ပုတ်ကာ ပြောလိုက် လေတယ်။

'' စကားပြော ''

တကယ်လို့ ဝူးယူး က အခုချိန်မှာ တောင်မှ ဝန်မခံ သေးရင် သူက တစ်ခြား နဂါးလေး တွေကို ခေါ်ပြီးတော့ အကယ်ဒမီ ကနေ အခုချက်ချင်း ထွက်သွား ရုံပဲ ဖြစ်လေတယ်။ ဝူးယူး လိုက်လာ ချင်လား မလာချင်ဘူး လား ဆိုတာကို ဂရုထပ်ပြီး မစိုက်ပဲ နေတော့ မှာပဲ ဖြစ်လေတယ်။

နဂါးနက်လေး က သူ့ရဲ့ ရှေ့ခြေဖဝါး လေးကို နျင်းချု ရဲ့ လက်လေး အပေါ်ကို တင်ထား ပြီးတော့ နျင်းချုသာ ဆုံးဖြတ် လိုက်ပါ ဆိုတဲ့ ပုံစံ ပြသ နေ ခဲ့ လေတယ်။

နျင်းချု နဲ့ သူနဲ့ က စာချုပ် တစ်ခု မှ မချုပ် ထားနိုင်တဲ့ အတွက်ကြောင့် ဆက်သွယ်လို့ မရ ပါပေ။ နျင်းချု က သူ့ရဲ့ လက်ဖဝါးလေး ကို အဝေးဆီ ပုတ်ထုတ် လိုက်တယ်။

နဂါးနက်လေး က အဲ့လောက် ဝေးတဲ့ ခရီးကို မသွားချင် ပေမယ့် နျင်းချု က အောင်းဝ်ယိ ကို ရှာချင် နေဆဲ ဆိုတာ သူသိပါတယ်။

နဂါးလေးတွေကိုပျိုးထောင်မယ်![Tran]Where stories live. Discover now