(41) အနက်ရောင် နဂါးလေး ၃
ဝူးယူး က အများကြီး မပြောခဲ့ပေ။ သူက အချိန်မရသေးလို့ ဒီကိစ္စကို တစ်ခဏ ထားခဲ့လိုက်တယ်။ ပြီးတော့ ပဟေဠိ တောအုပ်က ကိစ္စအကြောင်း မေးလာခဲ့တယ်။
ထိုအခါမှာတော့ အောင်းဝ်စန်းရဲ့ မျက်လုံးတွေက အေးစက်သွားလေတယ်။
သူက အဲ့နေ့တုံး က ပဟေဠိ တောအုပ်မှာ ဖြစ်ခဲ့တာတွေ အကုန်လုံးကို မူလ အတိုင်း ပြောခဲ့ပြီးတော့ ထပ်ပေါင်းပြောလိုက်တယ်။
[ ရှောင်ဝူလေး သေတာ က သူတို့နဲ့ သေချာပေါက် ပတ်သတ်မှု ရှိရမယ်လို့ ငါသံသယ ဝင်မိတယ်။]
ရှောင်ဝူလေး ရဲ့ မတော်တဆ မှု ဖြစ်ပြီး ကတည်းက ဟူးမန်း တွေဟာ မှော်နဂါးတွေရဲ့ နောက်ကို ခြေရာခံ နေကြတာပဲ ဖြစ်လေတယ်။ သူတို့က တစ်ခြား နဂါးအုပ်စုတွေကို စိတ်မဝင်စားပဲ မှော်နဂါးတွေ ကိုသာ တည်ကြက် ထားခဲ့တယ်။ သူတို့ကိုပဲ သွေးဆောင်လိုတဲ့ အကြောင်းပြချက်တွေ က အများကြီး ရှိလေတယ်။
ဝူးယူး က သူ့ရဲ့ ခေါင်းကို ငုံ့ကာ လက်ထဲက သစ်ကိုင်းကို နှစ်ကြိမ်ဝှေ့ယမ်း လိုက်တယ်။
'' ကောင်းပြီ။ ငါသိပြီ''
အခု နားခိုရာ တောအုပ်က ဖျက်ဆီး ခံလိုက်ရတဲ့ အချိန်မှာတော့ နဂါးတွေက သေချာပေါက် ဘေးနားက ပတ်ဝန်းကျင်တွေဆီကို အသိုက်တွေ ပြောင်းရွေ့ ကြတော့မှာ ပဲ ဖြစ်လေတယ်။
အရှုပ်အထွေး ဖြစ်လာတဲ့ အချိန်မှာ သူက ကြားဝင်ပြီးတော့ ဖျန်ဖြေ ပေးမှာ မဟုတ်ဘူး ။ ဒါတွေက ဟူးမန်းတွေ တောင်းဆို ကြတဲ့ အရာပဲလေ။
သူက မျက်လုံး ကို ပင့်ကာ ရုတ်တရက် မေးလိုက်လေတယ်။
'' ဆိုတော့ မင်း က သူနဲ့ အတူ ကျောင်းမှာပဲ တစ်ချိန်လုံး ရှိနေတာပေါ့လေ? ''
ဝူးယူး ရဲ့ ' သူ ' ဆိုတာ က နျင်းချု ကို ရည်ညွှန်းတာ ဖြစ်လို့ အောင်းဝ်စန်း က ခေါင်းကို ငြိမ့်လိုက်တယ်။
[ မစိုးရိမ်ပါနဲ့ ။ ငါ့ကို ရှာတွေ့ ကြမှာ မဟုတ်ပါဘူး......... မင်းမထွက်သွား သေးခင် ရက်တုံး က ငါ မင်းကို ပြောခဲ့သားပဲ။ မင်းမှ မယုံတာလေ]
ВЫ ЧИТАЕТЕ
နဂါးလေးတွေကိုပျိုးထောင်မယ်![Tran]
Разноеနဂါးကျွန်း ဆိုတဲ့ app ကို ဒေါင်းလုခ် လုပ်ပြီး သားပေါက်လေးတွေကို အရူးအမူး ပျိုးထောင် ပေးပြီးတဲ့နောက် ထိုဂိမ်းထဲက သားပေါက်လေးတွေ ဆီ ကူးပြောင်းရောက်ရှိသွားတဲ့ သားပေါက်လေးများရဲ့ ဖေဖေကြီး နျင်းချူ အကြောင်းပါ။ [ တစ်ပိုင်းက ပုံမှန်ထက် ၄ဆ ရှည်ပါတယ်။ မုဆိုး...