အပိုင်း (74)

999 154 0
                                    

(74) စုံတွဲ ၁

'' မှော် နဂါး နှစ်ကောင် က တိုက်ခိုက် နေကြတယ်? ''

နျင်းချု က ခဏလေး အေးခဲ သွားကာ သူ့ရဲ့ အမူ အရာ က တဖြေး​​ဖြေးနဲ့ စိတ်ရှုပ်ထွေး တဲ့ ဘက်ကို ရောက်လာ လေတယ်။

သူက မှော်နဂါး နှစ်ကောင် အကြောင်း ကြားလိုက် ရတဲ့ အချိန် တုံး က ဆို နျင်းချု ခမျာ တစ်စုံတစ်ခု ဖြစ်သွားမှာ ကို စိုးရိမ်သွား တာ ပဲ ဖြစ်လေတယ်။ ထိုနေရာမှာ စုစုပေါင်း  မှော်နဂါး ငါးကောင်သာ ရှိတယ်လို့ သက်မှတ် ထားတာဖြစ်တယ်။ သူနဲ့ အတူ မှော်နဂါး နှစ်ကောင် ရှိနေ တယ်လေ။ ဆိုတော့ အနောက်အရပ် မှာ ပေါ်လာတဲ့ နဂါး နှစ်ကောင် က ဘယ်သူ တွေ ဖြစ်လိမ့် မလဲ? ''

နောက်တော့ သူက ကျောင်းသားတွေ ပြောနေတာ ကြားလိုက် ရတာပဲ......
မှော်နဂါး နှစ်ကောင် က တိုက်ခိုက် နေကြ သတဲ့လေ?

ရန်ပွဲ တစ်ခု? ?

အဲ့လိုသာ ဆိုရင်တော့ ကျောင်းသားတွေ ပြောနေတဲ့ မှော်နဂါး နှစ်ကောင် က အောင်းဝ်အာ့ နဲ့ အောင်းဝ် စစ် တို့ပဲ ဖြစ်ရမယ်။

နျင်းချု က ဆုံးရှုံးသွား သလို ခံစား လိုက်ရတယ်။ ဂိမ်းထဲမှာဆို ထို ရှားပါး နဂါး ငါးကောင် က အရမ်းကိုပဲ ကျိုးနွံသိမ်မွေ့ကာ နာခံ မှုလည်း ရှိကြလေတယ်။ မကြာခဏ ဖြစ်တက်တဲ့ ရန်ပွဲအသေးစား လေးတွေက လွဲလို့ သူတို့ ကြားမှာ ဘာပြဿနာ ကြီးကြီး မားမား မရှိပါပေ။

အောင်းဝ်ယိ နဲ့ အောင်းဝ်ဝူ တို့ ကတော့ ရေတွက်စရာ မလိုပဲ အောင်းဝ်စန်း ကတော့ အရင်ကတည်းက ဆိုးဝါးတဲ့ ဒေါသ ရှိကာ သူက မီးတွေကို မကြာခဏ မှုတ်ပြီးတော့ နဂါးတွေကို ​ခြောက်လှန့် ရတာ ကို ကြိုက်လေတယ်။ ဒါကြောင့် နျင်းချု က သူ့ကို အကြိမ်အနည်း ငယ်လောက် သင်ကြား ပြသ လိုက်ပြီးတဲ့နောက် အောင်းဝ်စန်း က အနည်းငယ် တိုးတက် လာခဲ့တယ်။

အခုလို ကြီးပြင်းလာတဲ့ အခါမှာတော့ သူက ပိုပြီးတော့ ရင့်ကျက် တည်ငြိမ်လာတော့တာ ပဲလေ။ 

အောင်းဝ်အာ့ က အဲ့အထဲမှာ အဆိုးဆုံး ဖြစ်ပြီတော့ သူက လေပြင်းမုန်တိုင်း နဂါး ဖြစ်လေတယ်။ သူက ပြဿနာ တစ်ခါ ရှာပြီးတာနဲ့ ထွက်ပြေးတာ မြန်လွန်တဲ့ အတွက် သင်ကြပေးမယ့် နျင်းချု ခမျာ ဖမ်းလို့ကို မမိ ပါပေ။ ဒါကြောင့် အောင်းဝ်စန်း ကိုသာ သူ့အစား ဆုံးမ ခိုင်း ရလေတယ်။ အောင်းဝ်စစ် ကလည်း နဂါးကောင်လေး ပါပဲ။ ဒါပေမယ့် အောင်းဝ်အာ့ တ်ို့ အောင်းဝ်စန်း တို့နဲ့ နှိုင်းယှဥ် ရရင်တော့ သူက ပိုတိတ်ဆိတ် ကာ အောင်းဝ်ယိ နောက်ကိုပဲ ပတ်လိုက် နေရတာကို ကြိုက်လေတယ်။ ပြီးတော့ ဘယ်တော့မှ ပြဿနာ မရှာ တက်တဲ့ သူလည်း ဖြစ်လေတယ်။

နဂါးလေးတွေကိုပျိုးထောင်မယ်![Tran]Where stories live. Discover now