အပိုင်း (19)

2K 337 1
                                    

(19) အာဝူး!  (3)

နေ့လည်ခင်း ပိုင်းကတော့ အားလပ်နေဆဲ ဖြစ်တဲ့ အတွက်ကြောင့် နျင်းချူ က စုဝေးစျေးတန်းကို နောက်တစ်ခေါက် ပြန်သွားဖို့ အဆင်သင့် ဖြစ်နေပါပြီ။ အမွေးထူ အသီးတွေ ရဲ့ လိုအပ်ချက်က မြင့်တဲ့ အတွက်ကြောင့် နေ့တိုင်းမှာ အဲ့အတွက် အခြေခံတာဝန်တွေ ရှိနေလေတယ်။

သူက စာရွက်မှာ လက်မှတ်ထိုးလိုက်ပြီးတော့ အထဲကနေ ရုတ်ရုတ်သဲသဲ နဲ့ ထွက်လာတဲ အသံတွေကို ကြားလိုက်ရလေတယ်။

နျင်းချူ က ခေါင်းကို ဘယ်ညာ ကြည့်လိုက်ကာ ပတ်ဝန်းကျင်ကို ကြည့်တဲ့ အခါမှာတော့ လူအုပ်ကြီးက အမြန်ပဲ  လမ်းဖယ်ပေး လိုက်တာ ကို တွေ့လိုက်ရတယ်။ ပြီးတော့ ရင်းနှီး နေတဲ့ နဂါးပုက ထွက်လာခဲ့လေတယ်။ အဲ့တာက ဝူးယူး ရဲ့ နဂါးပဲ။

ဒါပေမယ့် ဝူးယူး က ဒီအနီးနား မှာ ရှိမနေပေ။ ပြီးတော့ စာချုပ် သားရဲတွေ ဆိုတာက ပိုင်ရှင်ရဲ့ အမိန့်ပဲ နာခံတာ ဖြစ်တဲ့ အတွက်ကြောင့် အဲ့နဂါးပု က စိတ်ကြီးဝင် တဲ့ပုံ မပြရင်တောင် မှပဲ ဘယ်သူ ကမှ အနားကို မကပ်ရဲ ပါပေ။

ထိုနဂါးပု က ကြည့်ရတာသာ ခက်ထန်တဲ့ ပုံပေါ်နေပေမယ့် သူက သိမ်မွေ့တဒ့ အပြင် လူတွေကို သူတို့ဘာသာ စပြီးတော့ တိုက်ဖို့ဆိုတာက အတော်လေး ခက်ခဲတယ် ဆိုတာကို နျင်းချုသာလျှင် သိလေတယ်။ အဲ့နဂါးပုလေး က နျင်းချူ ရှိရာဆီကို ဖြေးဖြေးချင်း ချဥ်းကပ်လာကာ လမ်းလျောက်ပြီး လာတယ် လို့တောင် ပြောလို့ ရလေတယ်။

သူက နျင်းချူနားကို ရောက်တဲ့ အခါ နဂါးပုရဲ့ ​ခြေလှမ်းတွေ က တန့်သွားလေတယ်။ သူက ခေါင်းလေးကို မော့ကာ အနံ့ခံလိုက်ပြီးတော့ မျက်လုံးတွေက စားပွဲပေါ်က အသီးပန်းကန် ဆီကနေ မခွာပေ။ အဲ့တာက စုဝေးပွဲ ကိုလာတဲ့ ကျောင်းသားတွေ စားဖို့ရာ ထုတ်ထားပေးတဲ့ မုန့်ပန်းကန် ဖြစ်ပြီးတော့ အဲ့ထဲမှာ အသီးခြောက်တွေ ၊ ချိုချဥ် တွေ အပြင် တစ်ခြားစားစရာတွေ လည်း ပါလေတယ်။

နျင်းချူ က ဟိုတစ်ခါတုံး က နဂါးပုအကြောင်းကို ဒေတာ ကဒ်ထဲမှာ ရှာထားတုံးက အကြောင်း အရာကို ပြန်ပြီးတော့ သတိ ရသွားလေတယ်။ နဂါးပုရဲ့ အပြုအမူတွေ နဲ့ နှစ်သက်မှုတွေ ကို သိရတဲ့ အပြင် နဂါးပုရဲ့ အကြိုက်ဆုံး က သစ်ကြားသီး ဆိုတာ ကို သိခဲ့လေတယ်။

နဂါးလေးတွေကိုပျိုးထောင်မယ်![Tran]Место, где живут истории. Откройте их для себя