အပိုင်း (36)

1.8K 330 2
                                    

(36) အရှုံး ကို ဝန်ခံ ခြင်း ၁

နျင်းချု က လွန်ခဲ့တဲ့ ၃ရက် ကတည်း က ငွေတွေ အများကြီး ရှာခဲ့ ပြီးသားပါ။ သူက သူ့ရဲ့ နောက် ပစ်မှတ် တစ်ခုကို မရွေးချယ်ရသေးခင် မှာပဲ သူက အရမ်းကို လူသိများ နေခဲ့ ပါပြီ။ သူ့ဆီကို တစ်ဒါဇင်ထက် ပိုတဲ့ စိန်ခေါ်စာ တွေက တစ်ခုပြီး တစ်ခု ရောက်လာခဲ့တယ်။ နျင်းချု က ဒွန်နယ် ရဲ့ ကနေ တစ်ဆင့် စိန်ခေါ်စာတွေကို တစ်ခုပြီး တစ်ခု လက်ခံ ခဲ့တယ်။

သူက တစ်ခြားတစ်ဖက် က လူတွေကို တစ်ယောက် မှ မသိပါပေ။ သူ့ကို စိန်ခေါ်တဲ့ စာတွေ မှာလဲ တစ်ဖက်လူရဲ့ အဆင့်ကိုပဲ ရိုက်နှိပ်ထားတာ ဖြစ်လေတယ်။ ထိုထဲ က အများစု ဟာ နျင်းချု နဲ့ အဆင့်တူ ဝန်းကျင် က ဖြစ်ပြီးတော့ တစ်ချို့ကတော့ အဆင့်အနိမ််ပိုင်း ကပဲ ဖြစ်လေတယ်။

'' အဲ့ထဲက တစ်ခုကို ရွေးဖို့ ကူပေး ရမလား?''

ဒွန်နယ် က ဆေးရွက်ကြီးကို လိပ်ထားတဲ့ ဆေးလိပ်ကို သောက်နေခဲ့တယ်။

'' တကယ်လို့ မင်းသာ တက်နိုင်ရင် အဲ့ထဲက ၃ခု ရွေးလိုက် ''

ပြိုင်ကွင်းရဲ့ စည်းကမ်း အရ ညတိုင်းမှာ လူတစ်ယောက် က​ ပြိုင်ပွဲ ၃ခု ယှဥ်ပြိုင်လို့ ရလေတယ်။ တကယ်လို့ နျင်းချုသာ လိုချင် နေသမျှ စိန်ခေါ်စာတွေ အကုန်လုံး ကို စီစဥ်ပေးလို့ ရပါတယ်။

နျင်းချု က ဒီလောက်ထိ အမြန်ကြီး မလုပ်လိုပေ။ ဒါပေမယ့်လဲ တစ်ခြားတစ်ဖက် ကျတော့ သူ့မှာ က ငွေပြတ် နေတယ်လေ။

သူက အချိန်အတော်ကြာ တွေးပြီးတဲ့နောက် အဆင့် ၄၀ နားက နှစ်ယောက် ရဲ့ စိန်ခေါ်စာ တွေကို ယူကာ ဒွန်နယ် ကို ပေးလိုက်တယ်။

'' ဒီနှစ်ယောက်ကို စိန်ခေါ်တာ လက်ခံ လိုက်ကြစို့ ''

စိန်ခေါ်သူ ကို အနိုင်ရအောင် တိုက်တဲ့ ပွဲ က ရွှေပြား ၂၀၀ ပဲ ရပြီးတော့ နည်းလေတယ်။ ဒါပေမယ့် တစ်နေ့ထဲမှာ ပဲ ရွှေပြား ၄၀၀ လောက် သူရှာနိုင်မယ် ဆိုရင်တော့ ဒါက မဆိုးတဲ့ ပမာဏ လို့ ပြောလို့ ရတယ်။

မနေ့က ပြိုင်ပွဲမှာ နျင်းချု က သူ့ကိုယ်သူ လောင်းကြေး တင်ခဲ့တယ်။ သူက အသစ်ဝင်ရောက်တဲ့ သူဖြစ်တဲ့ အတွက်ကြောင့် လောင်ကြေး က ၁ ဆ ကနေ ၃၀ ဆ ထိကို မြင့်တက် သွားခဲ့တယ်လေ။

နဂါးလေးတွေကိုပျိုးထောင်မယ်![Tran]Where stories live. Discover now