(34) စာချုပ် ၃
နောက်တစ်နေ့မှာတော့ နျင်းချုက စုဝေးစျေးတန်း ကို အစောကြီးသွားခဲ့လေတယ်။ ဒီတစ်ခါမှာတော့ သူတစ်ယောက်ထဲ သွားခဲ့ကာ အောင်းဝ်စန်း လေးကို ဥဖောက်နေဆဲ ဖြစ်တဲ့ အောင်းဝ်ဝူလေး အားစောင့်ကြပ် ပေးဖို့ အိပ်ဆောင်မှာပဲ ထားခဲ့လေတယ်။
ထိုအချိန်က ကျောင်းသားတွေ အကုန်လုံး နီးပါး အတန်းတက်နေရတဲ့ အချိန် ဖြစ်တဲ့ အတွက်ကြောင့် ပြိုင်ကွင်းမှာ လူတွေ မရှိသလောက် နည်းနေလေတယ်။ နျင်းချု က ပြိုင်ကွင်း အနောက်က အတွင်းခန်း ထဲ ကို ဝင်သွားခဲ့ ပြီးတော့ တာဝန်ခံလိုမျိုး သက်လက်ပိုင်း အရွယ်ရှိတဲ့ လူကို တွေ့ခဲ့ ရတယ်။
နျင်းချု ပြောတာ ကို နားထောင်ပြီးတဲ့နောက် ပြိုင်ကွင်း တာဝန်ခံက မေးလာခဲ့တယ်။
'' မင်းက ပြိုင်ကွင်း ထဲမှာ ပါဝင် လိုတယ်။ ဒါပေမယ့် တစ်ခြားလူတွေက မင်း ဘယ်သူလဲ ဆိုတာကို တော့ မင်းက မသိစေချင်ဘူး ပေါ့ ''
နျင်းချု က လေးစားစွာနဲ့ ခေါင်းကို ငြိမ့်ပြလိုက်တယ်။
'' ဟုတ်ကဲ့ ''
ထိုသက်လတ် ပိုင်းလူက နျင်းချုကို အထက်အောက် ကြည့်ကာ ပြောလာခဲ့တယ်။
'' ဒါက ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် မင်းက ဘာလို့ ဒီလို လုပ်ချင် ရတာလဲ? ''
ကျောင်းသားတွေက ပြိုင်ကွင်းမှာ ပါဝင်ကြတာက အောင်နိုင်မှု ဂုဏ်အသေရေနဲ့ အဆင့်အတန်း မြှင့်တင်နိုင်ဖို့ အတွက်ပဲ။ လူတိုင်းက သူတို့ကို သတိထားစေချင်ပြီးတော့ လူအုပ်ကြီး ဆီကနေ ချီးကျူးမှုကို ခံချင် ကြတာ ချည်းပဲ။ ဒါပေမယ့် နျင်းချု ကျတော့ သူ့ရဲ့ နာမည်ကိုတောင် မဖော်ပြ ချင်ဘူး။
နျင်းချု က ရိုးရှင်းစွာနဲ့ ပဲ ပြောလိုက်တယ်။
'' ကျွန်တော် မှာ ကိုယ်ပိုင် အကြောင်း ပြချက် ရှိလို့ပါ........ ပြီးတော့ ပြိုင်ကွင်း ကလည်း ကျွန်တော်ရဲ့ ကိုယ်ရေးအချက်အလက်တွေကို ကောင်းစွာ ဖုံးကွယ်ပေးမယ်လို့ မျှော်လင့်ပါတယ် ''
သူ့ကို ကြည့်ရတာ က စိတ်ဝင်စားမှု တစ်ခုပဲ ရှိတာ ဖြစ်ပြီးတော့ သူက ပြိုင်ကွင်းထဲက ပြိုင်သမျှကို နိုင်မယ်လို့ ယုံကြည်နေတာကြောင့် သက်လတ်ပိုင်း လူကြီး က ထိုပထမနှစ် ကျောင်းသားလေး ကို ချက်ချင်း ပဲ စိတ်ဝင်စား သွားခဲ့တယ်။ သူက တည်ကြည်စွာနဲ့ ပြောလိုက်တယ်။
ESTÁS LEYENDO
နဂါးလေးတွေကိုပျိုးထောင်မယ်![Tran]
De Todoနဂါးကျွန်း ဆိုတဲ့ app ကို ဒေါင်းလုခ် လုပ်ပြီး သားပေါက်လေးတွေကို အရူးအမူး ပျိုးထောင် ပေးပြီးတဲ့နောက် ထိုဂိမ်းထဲက သားပေါက်လေးတွေ ဆီ ကူးပြောင်းရောက်ရှိသွားတဲ့ သားပေါက်လေးများရဲ့ ဖေဖေကြီး နျင်းချူ အကြောင်းပါ။ [ တစ်ပိုင်းက ပုံမှန်ထက် ၄ဆ ရှည်ပါတယ်။ မုဆိုး...