အပိုင်း (112)

554 101 0
                                    

(112) အဝေးကို ထွက်ပြေးခြင်း ၁

ဂျော့ရှ် နဲ့ ဝူးယူး တို့ ထွက်သွား ပြီးတဲ့နောက် နျင်းချု ပထမဆုံး လုပ်တာ ကတော့ အိပ်ဆောင် ဆီကို အပြေးလေး သွားတာ ပဲ ဖြစ်လေတယ်။

သူက တံခါး ကို ဖွင့်ပြီးတော့ ကျန်တဲ့ နဂါးလေး ၄ ကောင် လုံခြုံစွာ နဲ့ ရှိနေ သေးကြောင်း ကို အသံ ပေးပြီး တော့ အတည်ပြု လိုက်တယ်။

ကြည့်ရတာ တော့ သူတို့ လေးတွေ က ဂျော့ရှ်ရဲ့ ရှာတွေ့ ခြင်း ကို မခံ လိုက်ရတဲ့ ပုံပဲ။ ဒါကြောင့် နျင်းချု က စိတ်သက်သာရာ ရသွား ပြီးတော့ အနောက်ကို လှည့်ကာ တံခါး ကို အရင်ဆုံး လော့ခ် ကို သေချာ ချလိုက်တာ ပဲ ဖြစ်လေတယ်။

'' အာဝူး! ''

အောင်းဝ်စန်း က နျင်းချု ကို တွေ့တော့ စိုးရိမ် တကြီး နဲ့ ပျံသန်း လာပြီးတော့ အချိန်တိုလေး အတွင်းမှာပဲ ဝူးယူး က လူသား တစ်ယောက် နဲ့ အတူ အပြင်ထွက်သွား ရတယ် ဆိုတာကို နျင်းချု အား ပြောပြ လာခဲ့ လေတယ်။

တစ်ခြား နဂါးလေး တွေ က တံခါးပေါက် နားမှာ ဂျော့ရှ် က ဝူးယူး ကို ဘာတွေ ပြောခဲ့ သလဲ ဆိုတာကို ကြား လေတယ်။ ဒါပေမယ့် အဲ့ တာတွေက ဘာကို ပြောတာ လဲ ဆိုတာ တစ်ခြား နဂါးလေး တွေက မမှတ်မိ ကြတော့ ပေမယ့် အောင်းဝ်စန်း ကတော့ လုံးဝ ကို တစ်လုံး မလွှဲ မှတ် မိနေ ပြီး ဘာတွေ ဖြစ်နေတာ လည်း ဆိုတာ ကို သေချာ သိလေတယ်။

ဝူးယူး က လွန်ခဲ့တဲ့ ၂ ရက်ကျော် က အပြင်ကို ထွက်သွား ခဲ့ လေတယ်။ ပြန်လာတော့ သူ့ကို ကြည့်ရတာ အရမ်း ကို ဆိုးဝါး တဲ့ စိတ်အခြေအနေ မှာ ရှိနေ တာကို တွေ့လိုက် ရတဲ့ အတွက်ကြောင့် အောင်းဝ်စန်း က ဘာတွေ ဖြစ်ခဲ့တာ လဲ ဆိုတာကို မေးခဲ့ လေတယ်။

ထိုအချိန်မှာ ဝူးယူး က သူ ဟာ လူ တစ်ချို့ ကို သွားသတ် လာတာ ကို ပြောခဲ့ ပေမယ့် အဲ့လူ တွေက ဘယ်သူ တွေလဲ ဆိုတာ ကိုတော့ သူ့ကို မပြောခဲ့ ပါပေ။

အခုချိန်မှာတော့ တစ်ခြား လူသား တစ်ယောက် က ထို အကြောင်း ကို စပြီး ပြောလာ တဲ့ အချိန် ကျတော့ မှပဲ ဝူးယူးဟာ အောင်းဝ်ဝူ လေး ကို သတ်ခဲ့တ့ အုပ်စု ဆီကို သွား ပြီးတော့ လက်စား ချေ ခဲ့ တယ်ဆိုတာ ကို ချက်ချင်းပဲ သူ သဘော ပေါက် သွားတာ ပဲ ဖြစ်လေတယ်။

နဂါးလေးတွေကိုပျိုးထောင်မယ်![Tran]Donde viven las historias. Descúbrelo ahora