အပိုင်း (45)

2.2K 373 9
                                    

(45) [1 end]  အောင်းဝ်ပေါင်ပေါင်း ၄

တစ်ချို့ ကျောင်သား တွေ ဆိုရင် သူတို့ ကိုယ်ပိုင် ထောက်ပံ့ ရေး ပစ္စည်းတွေ လုပ်လာပြီး ' နျင်း ' ဆိုတဲ့ စာလုံး အကြီးကြီးတွေ ကို ကိုင်ကာ ' နိုင်ရမယ်! ' လို့ အော်နေခဲ့ကြလေတယ်။

နျင်းချု ရဲ့ မျက်နှာဖုံးအောက် က မျက်နှာ အမူအရာဟာ ကင်းမဲ့ သွားပြီးတော့ အဲ့နေရာ ကနေ သူ့ခေါင်းကို အဝေးလွဲလိုက်တဲ့ အခါ ရင်းနှီးနေတဲ့ မျက်နှာတစ်ခုကိုတွေ့ လိုက်ရလေတယ်။

အာ.....  လုံးဝ ကို မမျှော် လင့်ထားတဲ့ သူပဲ။

ဝူးယူး က တကယ်ကြီး လာတယ်ပေါ့လေ။

သူက နောက်ကျမှ လာခဲ့တာ ဖြစ်ရမယ်။ အစောကတည်းက ပွဲကြည့်စင် က ထိုင်ခုံတွေ က ပြည့်သွား ပြီ ဖြစ်တာကြောင့် သူဟာ ပွဲကြည့်စင်ရဲ့ မြင့်တဲ့ တစ်နေရာကနေ ရပ်နေပြီးတော့ ပြိုင်ကွင်းထဲက နျင်းချု ကို အဝေး ကနေ လှမ်းကြည့်နေခဲ့တယ်။

သူ့ရဲ့ အရှိန်အဝါက အရမ်းကို ပြင်းထန်တာကြောင့် သူ့နားက ကျောင်းသားတွေက သူ့ကို လုံးဝ မတိုးကျပ်ရဲပါပေ။ ဒါကြောင့် သူတို့က ကြီးမားတဲ့ စက်ဝိုင်းကြီး လုပ်ပေးထားတာဖြစ်လို့ အရမ်းကို မြင်သာ နေခဲ့လေတယ်။

သဘာဝ ကျစွာနဲ့ တစ်ခြားလူတွေ က ဝူးယူးရောက်နေတာကို သိကြပြီးတော့ သူတို့ အချင်းချင်း စကားတွေ စပြောလာကြတယ်။

'' ငါပဲ သွေးလေ ချောက်ခြားနေတာ လားဟယ်။ ဝူးယူးလို လူက တစ်ကယ်ကြီး........ တစ်ခြား တိုက်ပွဲတွေကို ကြည့်တယ်ပေါ့လေ''

'' ဒါဆို ငါလည်း သွေးလေချောက်ခြား နေတာပဲပေါ့.......  ''

'' သူတို့ နှစ်ယောက် က အချင်းချင်း သိပြီးသားပဲ ဖြစ်ရမယ်!  သူတို့က သိပြီးသား နေမှာ ! ငါလည်း ' နျင်း ' က ဘယ်လို ဘယ်သူလဲ ဆိုတာကို သိချင်တယ်လေ .......... ''

နျင်းချု; '' ........ ''

တကယ်လို့ သူ့ရဲ့ မှတ်ဉာဏ်ကိုသာ ကောင်းကောင်း မမှတ်မိ ခဲ့ပါက သူလည်း သေချာပေါက် အဲ့စကားတွေကို ယုံနိုင်မှာ ပဲဖြစ်လေတယ်။

နျင်းချု က သူ့မျက်လုံးကို လွဲကာ အပြင်က လူအကွင်းကြီး ထဲမှာ ရှိနေတဲ့ ဝူးယူးကို ထပ်ပြီးတော့ ဂရုမစိုက် တော့ပဲ တိုက်ပွဲ ကိုသာ အာရုံစိုက် ထားလိုက်တော့တယ်။

နဂါးလေးတွေကိုပျိုးထောင်မယ်![Tran]Where stories live. Discover now