အပိုင်း (44)

1.9K 340 2
                                    

(44) အောင်းဝ်ပေါင်ပေါင်း ၃

နောက်တစ်နေ့မှာတော့ နျင်းချု က စောစောနိုးလာခဲ့ကာ သူ့ရဲ့ မျက်လုံးကိုလည်း ဖွင့်လိုက်ရော ခေါင်းအုံးပေါ်မှာ ဆောင့်ကြောင့်ထိုင်ပြီး သူ့ကို ကြည့်နေတဲ့ အောင်းဝ်ပေါင်ပေါင်း လေးရဲ့ မျက်လုံးတွေနဲ့ အကြည့်ခြင်း ဆုံ မိသွားလေတယ်။

နျင်းချု က စိတ်သက်သာ ရာ ရသွားပြီးတော့ သူက ဘေးတစ်ဖက်ကို လှည့်ကာ အောင်းဝ်ပေါင်ပေါင်းလေး ကို ပွေ့ဖက်ပြီး ခပ်တိုးတိုး ရေရွတ်လိုက်တယ်။

'' အောင်းဝ်ပေါင်ပေါင်း..... ဆိုတော့ မင်းလေး က ဒီနေရာမှာပဲ ရှိနေတုံးပဲပေါ့ ''

နျင်းချူ က သူနိုးလာပြီးတဲ့နောက်မှာ မနေ့ညက သူအိမ်မက် မက်ခဲ့တယ် လို့ သဘော​ပေါက် မိမှာကို ကြောက်နေခဲ့တာပဲ ဖြစ်လေတယ်။

ပေါ်ဝမ် ရဲ့ နှိုးစက် သံလည်း မြည်လညရော နျင်းချု က နဂါးလေး နှစ်ကောင် ပေါ်ကို အထာကျစွာနဲ့ အဖုံးအုပ်ကို ဆွဲအုပ်လိုက်လေတယ်။

အိပ်ယာ တစ်ဖက် က လိုက်ကာ ပွင့်လာပြီ ဆိုတော့မှ နျင်းချု က နေလို့မကောင်း သလို ဟန်ဆောင်ကာ အက်ကွဲနေတဲ့ အသံလုပ်ပြီးတော့ ပြောလိုက်လေတယ်။

'' ပေါ်ဝမ် ၊ ငါ ဒီနေ့ ခေါင်းတွေ ကိုက်နေလို့ အတန်းကို မသွားတော့ဘူး နော် ''

ပေါ်ဝမ် က မအံ့ဩ တော့ပဲ သမ်းဝေရင်းနဲ့ ခေါင်းငြိမ့်ကာ ဆေးကြောဖို့ ထလိုက်လေတယ်။

'' အင်း ''

ပေါ်ဝမ်လည်း အိပ်ဆောင် ကနေ ထွက်သွားရော နျင်းချုက လိုက်ကာကို ဆွဲတင်ကာ အိပ်ယာပေါ် ကနေ ချက်ချင်းပဲ ထလိုက်ပြီးတော့ သူ့အိပ်ဆောင်က တံခါးကို သော့ခတ်လိုက်လေတယ်။

သူက အိပ်ယာအောက် က သေတ္တာငယ်ကို ဆွဲထုတ်ကာ အိ​ပ်ယာပေါ်ကို တင်ပြီးတော့ နဂါးဥလေးကို ပြကာ  အောင်းဝ်ပေါင်ပေါင်းလေး ကို စိတ်လှုပ်ရှားစွာနဲ့ ပြောလိုက်တယ်။

''အဲ့တာ က ရှောင်ဝူ လေးပဲ! သူမရဲ့ အခွံကို မကြာခင် ခွဲနိုင်တော့မှာလေ ။ ငါ............''

နျင်းချု ရဲ့ အသံက ကျသွားကာ နဂါးဥလေးကို တို့ပြီးတော့ ပြောလိုက်တယ်။

နဂါးလေးတွေကိုပျိုးထောင်မယ်![Tran]Where stories live. Discover now