အပိုင်း (5)

2.5K 386 6
                                    

(5) ကူးပြောင်းခြင်း (၅)

ဒီလိုမျိုး သန့်ရှင်းကြည့်ကောင်းပြီး ယဥ်ကျေးတဲ့ ကျောင်းသား လေးရဲ့ အကြည့်ကို မြင်လိုက်ရတော့ ' ဘယ်လေ ' ဟာ ခေါင်းကို ငြိမ့်ပြီး တုံ့ပြန်လိုက်တယ်။

'' သေချာတာပေါ့ ''

နျင်းချု က ခုံပုလေး ပေါ်မှာ ထိုင်ကာ ပြောမယ့် စကားတွေကို သေချာစွာ နားစိုက်ထောင်နေခဲ့တယ်။ ဘယ်လေ ပြောတာ ကတော့ ထိုနဂါးတွေက သေချာတဲ့ အချိန်တစ်ခုမှာ ရုတ်တရက်ကြီး ထွက်ပေါ်လာတာ ပါတဲ့။ သူတို့တွေက အရမ်း ကိုစွမ်းအား ကြီးပြီးတော့ တစ်ခြား မှော်သားရဲတွေထက်ကို တောင်အများကြီး ပိုသန်မာတယ်တဲ့လေ။ ပြီးတော့ သူတို့ရဲ့ အကျင့်စရိုက်တွေကို သေချာဖော်ပြနိုင်ဖို့ ရာအတွက် အလွန်အမင်း အရမ်းကို လက်ခဲတယ်တဲ့လေ။ အခုလို အချိန်ရောက်တာ တောင်မှ နဂါးသားရဲတွေနဲ့ စာချုပ် ချုပ်ထားတဲ့ လူတွေ သိပ်မရှိသေး ပါဘူးတဲ့။

ထိုနေရာမှာ နဂါးတွေ အများကြီး ရှိပြီးတော့ အရွယ်ရောက် နဂါးတစ်ကောင် က ဆင်တစ်ကောင် အရွယ်အစား လောက်ရှိကြတယ်။ ဒါပေမယ့် ချွင်းချက် တစ်ချို့တော့ ရှိကြလေတယ်။

'' မင်းက ဒီနေ့ တွေ့ခဲ့ရတဲ့ အနီရောင်မီးတောက် နဂါးကို မှတ်မိတယ် ။ ဟုတ်တယ်နော် ''

ဘယ်လေက လက်ညိုးအရွယ်ရှိတဲ့ ဆေးလိပ်ကို မီးညှိကာ အငွေ့တစ်ရှိုက် ရှုထုတ်လိုက်တယ်။

''သူဟာ နဂါး၅ ကောင်ထဲက အသန်မာဆုံး ဒုတိယ အဆင့်မှာ ရှိတဲ့ နဂါးပဲ။ ဒီတစ်ချိန် ငါတို့ ကံကောင်း သွားတာက ထိုကောင်ကြီး က ဘယ်အရာကိုမှ မီးတောင်တိုက်သွင်းမှု မလုပ်ချင်တာရယ်၊ ငါတို့ ဖမ်းထားတဲ့ နဂါးတွေ အကုန်လုံးက အသက်ရှင်ဆဲ ရှိနေသေးတာ ကြောင့်ပဲ ဖြစ်တယ်......... ။ အဲ့လိုမှ မဟုတ်လို့ ကတော့ ပဟေဠိတောအုပ် ထဲကနေ ဘယ်သူမှ အသက်ရှင်လျက် ထွက်သွား နိုင်မှာ မဟုတ်ဘူး''

နျင်းချုက မမေးခင် အတန်ငယ် တိတ်ဆိတ် သွားလေတယ်။

'' မှော် နဂါး ၅ ကောင် ဆိုတာလေ။ သူတို့က ဘာတွေလဲ....''

''အနီရောင် မီးတောက် နဂါးအပြင် အဲ့နေရာမှာ မိုးကြိုးမုန်တိုင်း နဂါးတောင် ရှိသေးတယ်။''

နဂါးလေးတွေကိုပျိုးထောင်မယ်![Tran]Tempat cerita menjadi hidup. Temukan sekarang