(78) ဦးဂျို အသေးလေး ( ၂)
နဂါးနက်လေး က အထဲကို ပျံသန်း ပြီးတော့ ဝင်လာကာ သူတို့ကို အကြည့် တစ်ချက်ပဲ လွဲ ကြည့်လိုက် လေတယ်။ပြီးတော့ အိပ်ယာ ထောင့်နား ကို ပြန်သွား လိုက်ပြီးတော့ တစ်ယောက်ထဲ ထိုင်ချ လိုက်တယ်။
နဂါးနက်လေးကို ကြည့်ရတာ အတော်လေး စိတ်လွတ် နေဟန် ပါပဲ။ အနီရောင် နဂါးလေး နဲ့ အစိမ်းရောင် နဂါးလေး တို့ကတော့ အသိုက် အတူတူ ထဲမှာ အနားယူ နေကြပြီးတော့ အောင်းဝ်ဝူ က ပြောလိုက်တယ်။
[ သူက ဘာဖြစ် နေတာတုံး]
အောင်းဝ်စန်း ကတော့ သူ့ရဲ့ လက်သည်း လေးကို လျက်ကာ ပြောလိုက်တယ်။
[ ငါလည်း မသိဘူး လေ]
နောက်ထပ် အချိန်ကြာကြီး စောင့်ပြီးတဲ့နောက် နျင်းချု ကလည်း ပြန်လာခဲ့လေတယ်။
သူက နဂါးလေး တွေရဲ ခေါင်းကို တစ်ကောင်ပြီး တစ်ကောင် ပွတ်ပေး လိုက်ကာ သူ့ရဲ့ အဝတ်အစား တွေကို ချွတ်လိုက်တယ်။ ပြီတော့ ရေအရင်ဆုံး သွားချိုး လိုက်လေတယ်။
နျင်းချု က သူ့ရဲ့ ခေါင်းကို ထိပေးတဲ့ အချိန် ကဆို နဂါးနက်လေး ရဲ့ အမြီးက ဖြောင့်တန်း သွားပေမယ့် နျင်းချု က အဲ့တာကို သတိ မမူ မိပါဘူး ။
ညအတော် နောက်ကျ လာတဲ့ အခါ မှာတော့ နျင်းချု နဲ့ နဂါး လေးတွေက အိပ်နေ ကြပြီ ပဲ ဖြစ်လေတယ်။ ဒါပေမယ့် နဂါးနက်လေး ကတော့ တိတ်တိတ်ကလေး အိပ်နေရာ ကနေ ထလိုက်တယ်။ သူက နျင်းချု နားကို ကပ်သွား ပြီးတော့ ခေါင်းအုံးပေါ် ထိုင်ကာ နျင်းချုကို အပေါ်စီး ကနေ ငုံ့ပြီးတော့ ကြည့်လိုက် လေတယ်။
' စုံတွဲ ' ဆိုတဲ့ စကားရဲ့ အဓိပ္ပာယ် ကို ဝူးယူး သိပြီးသွားတဲ့ နောက် ပထမဆုံး ဖြစ်ပေါ်လာတဲ့ တုံ့ပြန်ချက် က ဒေါသ ထွက်တာ ပဲ ဖြစ်လေတယ်။
သူတို့မျိုးနွယ် နဲ့ ဘာမှ မသက်ဆိုင် တဲ့ ဟူးမန်း တွေက အဲ့လို မျိုး အတွင်းကျ တဲ့ ကိုယ်ရေး ကိုယ်တာ မေးခွန်း မျိုးကို မေး နေရသလား?
နောက်တော့ ဝူးယူး သဘောပေါက် သွားတာ က နျင်းချု ရဲ့ စုံတွဲ အဖြစ် နောက် တစ်ဖက် က လူကို သူအဖြစ် ဟူးမန်း တွေက အာရုံစိုက်ထား ကြတာကိုပဲ ဖြစ်လေတယ်။
CZYTASZ
နဂါးလေးတွေကိုပျိုးထောင်မယ်![Tran]
Losoweနဂါးကျွန်း ဆိုတဲ့ app ကို ဒေါင်းလုခ် လုပ်ပြီး သားပေါက်လေးတွေကို အရူးအမူး ပျိုးထောင် ပေးပြီးတဲ့နောက် ထိုဂိမ်းထဲက သားပေါက်လေးတွေ ဆီ ကူးပြောင်းရောက်ရှိသွားတဲ့ သားပေါက်လေးများရဲ့ ဖေဖေကြီး နျင်းချူ အကြောင်းပါ။ [ တစ်ပိုင်းက ပုံမှန်ထက် ၄ဆ ရှည်ပါတယ်။ မုဆိုး...