အပိုင်း (4)

2.7K 394 5
                                    

(4) ကူးပြောင်းမှု (၄)

သူတို့ရဲ့ စကားဝိုင်း ထဲကနေ နျင်းချူ က သဲလွန်စ နှစ်ခု ရခဲ့လေတယ်။

ပထမ တစ်ချက်က သူက သူတို့ကို မသိဘူးတဲ့။ သူတို့ကို အခွင့်အရေး ရရင် ရသလို လျောက်ရွှီးလိုက်လို့ ရတယ်။

ထို အဖွဲ့က နဂါးတွေကို ဖမ်းဖို့ အထူးပြုထားတာ ဖြစ်ပြီးတော့ မုတ်ဆိတ် အထူကြီးနဲ့ ဦးလေးကြီးက သူတို့ရဲ့ ကပ္ပတိန် ဖြစ်ကာ ကံမကောင်းစွာနဲ့ ပဲ သူတို့ဖမ်းမိထားတဲ့ နဂါးတွေကို အနီရောင် နဂါးက ကယ်တင် ပေးခြင်း ခံလိုက်ရတယ်။

ဒီခန္ဓာကိုယ်အတွက် အစစ်အမှန် သရုပ်ကတော့........  နျင်းချူ က သူ့ခေါင်း ကု ငုံ့ပြီး ကြည့်လိုက်တဲ့ အခါ သူ့ရဲ့ ဘယ်ဘက် ရင်အုံနားက နေရာမှာ ရွှေချည်ထိုးထားတဲ့ စက်ဝိုင်းပုံ ပတ်တန်တွေနဲ့ ' လန့်စ် ' ဆိုတဲ့ စကားလုံးကို ပြတ်ပြတ်သားသား မြင်နေရတယ်လေ။

တတိယ သဲလွန်စကတော့ သူဟာ ကျောင်းသား တစ်ယောက် ဖြစ်သည်တဲ့လေ။

အဖွဲ့က ဒဏ်ရာ ရနေတဲ့ လူတွေကို ရေတွက်နေကာ တစ်စုံတစ်ယောက်က သူတို့ရဲ့ အနာကို ကုသပေးဖို့ မှော်စွမ်းအင်ကို သုံးပေး နေတာ ဖြစ်လေတယ်။ မုတ်ဆိတ်လူကြီးက အဲ့တစ်စုံတစ်ယောက်ကို လှမ်းခေါ်လိုက်တယ်။

'' ဖေ့ယီ မင်းဒီကလေးကို လန့်စ် အကယ်ဒမီ ဆီကို ပြန်လိုက်ပို့ လိုက်ပါ ''

နျင်းချူ က အရမ်းထိ ထိရှ သွားတယ်။

'' ဒါက ခများတို့ အတွက် အရမ်းကို ပြဿနာ များသွားတော့မှာ...... ''

သူက အရမ်းကို ယဥ်ကျေးပါတယ်။ ပြီးတော့ သူက ကျောင်း ကို ပြန်ရမယ့် လမ်းကို မသိဘူးလေ။ ဒါကြောင့် မလို့ သူ့ကို ပြန်ပို့ပေးမယ့် တစ်ယောက် ယောက် ရှိနေတာက ပိုပြီးတော့ ကောင်းသွား မှာပဲ မဟုတ်ဘူးလား။

မုတ်ဆိတ်မွေး ထူနဲ့ လူကြီးက ရယ်မော လိုက်တယ်။

'' ပြဿနာ မများပါဘူး။ ဒါ့အပြင် ငါက မင်းတို့ ဒုကျောင်းအုပ်နဲ့ ငါက အသိအကျွမ်းဟောင်း တွေလေ ''

မုတ်ဆိတ် လူကြီး အအော်ခံ လိုက်ရတဲ့ ဖေးယီ က ပြန်တုံ့ပြန်လာလေတယ်။

နဂါးလေးတွေကိုပျိုးထောင်မယ်![Tran]Donde viven las historias. Descúbrelo ahora