အပိုင်း ( 75)

857 139 0
                                    

(75) စုံတွဲ ၂

နျင်းချု က တူညီတဲ့ အတွေးပဲ ဆက်တွေး မိလေတယ်။

'' ဒါပေမယ့် သူတို့က ဘာလို့များ ရန်ဖြစ် ရတာလဲ? ''

အောင်းဝ်စန်း က တစ်ခဏ လောက် တိတ်ဆိတ် သွားလေတယ်။ ပြီးတော့ သူ့ရဲ့ ခြေသည်းနဲ့ လည်ပင်း ကို စတင်ပြီးတော့ ကုတ်ခြစ် ခဲ့လေတယ်။

နျင်းချု က မျက်မှောင်ကြုတ် လိုက်လေတယ်။

'' ဘာကိစ္စ ဖြစ်တာ လဲ? ''

အနက်ရောင် နဂါးလေး က တိတ်ဆိတ် နေခဲ့လေတယ်။ ပြီးတော့ သူ့ရဲ့ ခေါင်းကို ငုံ့ကာ တစ်ဖက်ကို လှည့်ထား လိုက်လေတယ်။

အောင်းဝ်ဝူ က သိသိသာသာ ကို ဘာမှ မသိပါပေ။ ပြီးတော့ သူမရဲ့ မျက်ဝန်း ထဲမှာ စိုးရိမ်မှုတွေ ပြည့်နေ ပြီးတော့ သူမက နျင်းချု ရဲ့ အင်္ကျီ လက်ကို ကုတ်တွယ်ထား လေတယ်။

နျင်းချု က အိုးနင်းခွက်နင်း လုပ်ကာ ရှောင်ဖယ် သွားချင်တဲ့  အောင်းဝ်စန်း ကို ကိုင်ထား လိုက်လေတယ်။ ပြီးတော့ သူ့နောက်ကျော လေးကို ဖိညှစ်လိုက်ကာ လည်ပင်းအနောက်ကို ကြောင် ကလေးလို ကိုင်ထားလိုက် ပြီးတော့ သူ့မျက်နှာ နားကို ချီမြင့်လိုက် လေတယ်။

'' ငါ့ကို ပြောစမ်းပါ။ မင်းတို့ ဘာတွေ ငါ့ဆီ ကနေ ဖုံးကွယ်ထားတာလဲ? ''

နျင်းချုရဲ့ ဖိအားအောက်မှာ အောင်းဝ်စန်း က ပြောပြ လာခဲ့တယ်။ အဲ့တာ ကတော့ အောင်းဝ် အာ့ က သူတို့တွေနဲ့ အချိန် အတော်ကြာ က ပဏိပက္ခ ဖြစ်ခဲ့ တယ် ဆိုတာ ကိုပေါ့။

'' ပဏိပက္ခ ? အဲ့တာ က အရမ်းကြီး မားတာလား? ''

နျင်းချု က အေးခဲ သွားလေတယ်။

အောင်းဝ် အာ့ က ငယ်စဥ် အချိန်တုံး က အနည်းငယ် လောက် ဆိုးသွမ်း ခဲ့ပေမယ့် သူ့ဟာ နာခံ တက်တဲ့ နဂါး ကလေး လို့ မှတ်ယူ လို့ ရလေတယ်။

ဆိုတော့ သူထွက်သွား ပြီးတဲ့နောက် ဘာတွေများ ဖြစ်ပျက် သွားခဲ့ ရတာလဲ?

ပြီးတော့ တကယ်လို့ အဲ့သတင်းသာ မှန်ကန်လို့ ရှိရင် အနောက်အရပ် မှာ ဖြစ်ပွား နေတဲ့ ရန်ပွဲက တကယ့်ကို ပြဿနာ ဖြစ်တဲ့ အတွက်ကြောင့် ဒီလောက်ထိ လူတွေ ရှာတွေ့ ခံရလောက်အောင် အကြီးအကျယ် ဆူညံ သွားတာ ပေါ့။ ငယ်ငယ် ကလို သာမန် ကိစ္စအသေးအဖွဲ လေးတွေကြောင့် မဟုတ်ဘူး ပေါ့လေ။

နဂါးလေးတွေကိုပျိုးထောင်မယ်![Tran]Where stories live. Discover now