အပိုင်း( 21 )

2K 378 7
                                    

(21) ​ရှော့ပင်းမောလ် (၂)

ထိုအကြောင်းကို တွေ့လိုက်တော့ နျင်းချူ က တုံ့ဆိုင်း စွာနဲ့ မေးလာခဲ့လေတယ်။

'' စန်းစန်း တစ်ခြား အောင်းဝ်လေး တွေနဲ့ အောင်းပေါင်းပေါင်း တို့ ဘယ်နေရာမှာ ရှိသလဲ ဆိုတာ သိရဲ့လား?  ပြီးတော့ အောင်းဝ်ဝူ ကလည်း......  ''

နျင်းချူက ခက်ခဲစွာနဲ့ ထုတ်ပြောလာခဲ့တယ်။

'' ဒီနေရာမှာ မရှိတော့ဘူး ဟုတ်တယ် မလား? ''

အောင်းဝ်စန်း လေးက တောင့်တင်း သွားပြီးတော့ မော့ကာ နျင်းချူကို စိုက်ကြည့်နေပြီးတော့ သူ့မျက်နှာပေါ်က ဖော်ပြချက်တွေကို မလွတ်တမ်း စောင့်ကြည့်နေခဲ့တယ်။

နျင်းချူ က သူရှေ့မှာ ပေါ်လာတာ ရက်အနည်းငယ် ပဲ ရှိသေးပြီးတော့ သူက သာမန်လူသား တစ်ယောက်ပါ။ ပြီးတော့ မှော်သားရဲလေး တစ်ကောင်ကိုတောင်မှ နိုင်အောင် မတိုက်နိုင်ဘူးလေ။

ဒါဆို ဘာလို့ သူက အောင်းဝ်ဝူ က အသက်မရှင်တော့တာ ကို သိနေရတာလဲ?

အောင်းဝ်စန်း ရဲ့ မျက်ဝန်းတွေ ထဲမှာ သံသယတွေ ပြည့်သွားပြီးတော့ သူ့ရဲ့ သတ်ဖြတ်ချင်တဲ့ စိတ်တွေ က ထပ်ပြီးတော့ မြင့်တက်လာ ခဲ့တယ်။

နျင်းချုက အဲ့အကြောင်းကို ဘာမှ မသိခဲ့ပေ။ သူက အနည်းငယ် ဝမ်းနည်း နေတာကြောင့် သူ့ရဲ့ မျက်လုံးတွေကို အောက်ကို ငိုက်ချ ထားရလေတယ်။

'' ဘာတွေ ဖြစ်သွားခဲ့ရတာလဲ?  ငါ ဒီနေရာကို လာတဲ့ အခါ ငါ ပထမ ဆုံး မြင်တွေ့လိုက်ရတာက ........ ''

သူက သူ့ကိုယ်သူ အားနည်း သလို ခံစားလိုက်ရတယ်။

'' ငါ့မှာ ဂိမ်း က ရှိနေတုံးပဲ။ ငါက အောင်းဝ်ဝူကို ပြန်အသက်သွင်း လို့ရတယ်။ ဒါပေမယ့် ငါ့မှာ ခရက်ဒစ်တွေ အလုံအလောက် မရှိဘူး........ ငါတစ်နေ့ ရတဲ့ ငွေကလည်း နည်းနည်းလေးရယ်။ ''

အောင်းဝ်စန်း က သူ့ရဲ့ တိတ်တိတ်လေး မြောက်ထားတဲ့ ခြေသည်းတွေကို ပြန်ချ လိုက်တယ်။ သူ့ရဲ့ မျက်လုံးတွေက ဝိုင်းစက် သွားလေတယ်။ သူက နျင်းချူပြောတဲ့ ' ဂိမ်း ' နဲ့ ' ခရက်ဒစ် ' တွေဆိုတာ ကို နားမလည်ပေမယ့် ရှောင်ဝူလေး ကိုတော့ ပြန်အသက်ရှင်စေ နိုင်တယ်ဆိုတာ ကို တော့ နားလည်လေတယ်။

နဂါးလေးတွေကိုပျိုးထောင်မယ်![Tran]Opowieści tętniące życiem. Odkryj je teraz