အပိုင်း (50)

1.6K 298 0
                                    

(50) ဖေ့ဖေ့ကို ရှာမယ် ၂

နျင်းချု ကလည်း သူ့ရဲ့ အနေအထားကို သေချာ ရွေ့လိုက်ကာ သူ့ရင်ဘက်ပေါ်မှာအိပ်ပျော်သွားတဲ့ အောင်းဝ်ဝူရဲ့ ဗိုက်လေး လုံအောင် အထိ စောင်ပါးလေး ကို ဆွဲခြုံလိုက်တယ်။ နောက်တော့ သူက ပါ တစ်ရေးအိပ်ဖို့ လုပ်လိုက်လေတယ်။

နျင်းချုက သူ့မျက်လုံးများ ကို ဖွင့်လိုက်တဲ့ အချိန်မှာတော့ အောင်းဝ်ဝူလေး က နိုးနေပြီ ဖြစ်ကာ အောင်းဝ်စန်း လေးနဲ့ ဆော့ကစားနေ ခဲ့တယ်။

သူမလေး က မပျံနိုင်တဲ့ ပေမယ့် သူမရဲ့ နောက်ကျော က အကြေးခွံတွေ ကြားထဲမှာတော့ တောင်ပံလေး တစ်စုံ ပေါက်နေပါတယ်။ သူမက အနောက်ခြေကို ရအောင် ထောက်ကာ အောင်းဝ်စန်းကို အရှေ့ခြေနဲ့ လှမ်းပုတ်ဖို့ ကြိုးစား နေခဲ့တယ်။

သူမက အောင်းဝ်စန်း လိုမျိုး မသွက်လက်သေးတဲ့ အတွက်ကြောင့် သူမ လဲကျတော့မယ် ဆိုရင် အောင်းဝ်စန်း က အနီးကပ် ပြန်လာပြီးတော့ သူမကို ဖမ်းလိုက်လေတယ်။

အောင်းဝ်ဝူက သူမဘာသာ ပဲ ပြန်တည်ငြိမ်အောင် ကြိုးစားနေကာ နျင်းချု နိုးလာပြီ ဆိုတာကို တွေ့တော့မှသာ ပျော်ပြီးတော့ ပြေးလာခဲ့လေတယ်။

နျင်းချု က ထ ထိုင်ပြီးတော့ လိုက်ကာ ကို တစ်ချက် ဖွင့်လိုက် ပြီးတော့ ပေါ်ဝမ်ရဲ့ အိပ်ယာက သန့်ရှင်း နေတာကို တွေ့လိုက်ရတော့မှ သာ သူစိတ်သက်သာရာ ရသွားတော့တယ်။ ပြီးတော့ အိပ်ယာပေါ် ကနေ ထွက်ဖို့ လုပ်လိုက်လေတယ်။

အောင်းဝ်ဝူလေး က နျင်းချုရဲ့ လှုပ်ရှားမှုတိုင်း ကို စောင့်ကြည့်နေတာ ဖြစ်ပြီးတော့ သူ့ရဲ့ အဝတ်အစားတွေ ကို ဆုတ်ကိုင်ကာ အပေါ်ကို တက်လာတော့တယ်။

နျင်းချု တစ်ရေးအိပ်နေစဥ်မှာ အောင်းဝ်စန်း က အောင်းဝ်ဝူအား အခြေအနေ အကျဥ်းချုပ်ကို ရှင်းပြ ပြီးသား ဖြစ်လေတယ်။ ပြီးတော့ သူမက အခုချိန်မှာ သူမကိုယ် သူမ ပိုပြီးတော့ ကောင်းစွာ ဖုံးကွယ်ထား ရမယ် ဆိုတာ သိပြီးတော့ ဘယ် ဟူးမန်း ကမှ သူမကို ရှာတွေ့လို့ မဖြစ်ဘူး ဆိုတာကိုပါ သိလေတယ်။

နျင်းချု က သူမကို ပွေ့လိုက်ကာ မျက်နှာဝိုင်းဝိုင်း လေးကို ပုတ်ပေးပြီး ပြောလေတယ်။

နဂါးလေးတွေကိုပျိုးထောင်မယ်![Tran]Opowieści tętniące życiem. Odkryj je teraz