အပိုင်း (113)

846 111 2
                                    

(113) အဝေး ထွက်ပြေးခြင်း ၂

အခန်းထဲကနေ ပြီးတော့ ဘန်းခနဲ ခပ်အုပ်အုပ် အသံ တစ်ခု ထွက်လာချိန်မှာတော့ နျင်းချု ရော အောင်းဝ်စန်း ပါ စိုးရိမ် ပူပန် ပြီး တုန်လှုပ်သွား ကြတော့ လေတယ်။

အစည်းအဝေး ခန်းမ ထဲမှာတော့ ဝူးယူး ရဲ့ မျက်နှာ တစ်ခု လုံးက ပြာနှမ်းနေ ပြီပဲ ဖြစ်လေတယ်။

'' ခများတို့က ကျုပ်ကို ခေါ်တယ်ဆို ''

သူက ဒီအစည်းအဝေး ခန်းမ ထဲကို လိုက်ပါလာတယ် ဆိုတာက ဂျော့ရှ် ရဲ့ အတင်း လာခိုင်းတဲ့ အတွက်ကြောင့် မျက်နှာသာ ပေးပြီး ရောက်လာခဲ့ တာပဲ ဖြစ်လေတယ်။

ဂျော့ရှ် က ပြောလာ ခဲ့တယ်။

'' ငါ သူ့ကို ဒီနေရာ ရောက်အောင် ခေါ်လာ ရတာနော်။ ငါ့တပည့် က အချိန်တိုင်း လိုလို ကျောင်းရဲ့ အပြင်မှာ ရောက်နေတာ မဟုတ် ဘူးကွ။ သူက သူ့ အိပ်ဆောင်ထဲ မှာပဲ လိမ်လိမ် မာမာ နေပြီးတော့ ပေးလိုက်တဲ့ အိမ်စာ တွေကို လုပ်နေခဲ့တာ ကွ !''

တစ်ခြား ညွှန်ကြားသူ တွေ အကုန်လုံး က သူတို့ မျက်နှာတွေကို တစ်ခြား တစ်ဖက်စီ လွဲထားတယ် ဆိုပေမယ့်လည်း  ဂျော့ရှ် တစ်ယောက် ထဲကသာ မျက်နှာ အမူအရာ မပြောင်း သွားတာ ဖြစ်လေတယ်။

'' မင်းတို့မှာ ဘာများ ထပ်ပြီးတော့ မေးစရာ မေးခွန်းတွေ ကျန်နေ သေးလို့လဲ? ''

ချက်ကျောင်း အကြီးအကဲ က ဝူးယူး ကို တစ်ချက် ကြည့်လိုက် ပြီးတော့ သူ့အနောက်က နောက်လိုက် ငယ်သားတွေကို လက်ဝှေ့ယမ်း ပြပြီး အရှေ့ကို တက်ကာ ဝူးယူး အား မေးခွန်းတွေ မေးဖို့ ခိုင်းလိုက် တော့တယ်။

မေးခွန်းတွေ ကတော့ ရိုးရှင်းပါတယ်။ ဝူးယူး က ဝှစ်တုံ ကို မြင်ဘူးလား။ မြင်ဘူးရင်လည်း ဘယ်နေရာမှာ မြင်ခဲ့တာလဲ။ ဝူးယူး က လွန်ခဲ့တဲ့ နှစ် ရက်လောက်က ကျောင်းအပြင်ကို ထွက် သွားသေးလား အစရှိသဖြင့် ပေါ့။ ဝူးယူး က လိမ်ပြောတဲ့ နေရာမှာ ညံ့ဖျင်း တဲ့ အတွက်ကြောင့် သူ့ရဲ့ အဖြေတွေ အကုန်လုံး က ခပ်တိုတိုတွေ နီးပါး ဖြစ်လေတယ်။

အများဆုံး ကတော့ ' နိုး ' ဆိုတဲ့ အဖြေ ပါပဲ။

သူက သူ့ဘာသာသူ တွေးလိုက်လေတယ်။ ဒီနေရာမှာ ဂျော့ရှ်နဲ့ တစ်ခြား ညွှန်ကြားသူ ဆရာ၊ ဆရာမတွေ ရှိနေတာ ကပဲ အတော်လေး ဆိုးဝါးတယ်လို့ပေါ့။ ဒီလိုမှ မဟုတ်ရင် သူက ဒီနေရာမှာ စိတ်ရှည်ရှည် ဖြင့် ထိုင်နေပြီးတော့ အဲ့လူတွေက မေးခွန်းတွေ ကို ပြန်ဖြေပေး မှာတောင် မဟုတ်ပါလေ။

နဂါးလေးတွေကိုပျိုးထောင်မယ်![Tran]Where stories live. Discover now