အခန်း (၇)

4.6K 231 0
                                    

Heaven Night Bar မှာရှိတဲ့ မြေအောက်ခန်းတစ်နေရာတွင် လူတစ်ယောက်ကို ကြိုးတုပ်ကာ ထိုင်ခုံနဲ့ တွဲချည်ထား၏။ ထိုလူ၏ မျက်နှာတွင်လည်း ထိုးကြိတ်ခံထားရသလို ဖူးယောင်နေလေသည်။ ထိုသူ၏ ဘေးနားတွင် ဂိုဏ်းသားများက ဝန်းရံထားလေသည်။

သျှား တစ်ယောက် ထိုမြေအောက်ခန်းထဲသို့ဝင်လာသောအခါ ဂိုဏ်းသားများအားလုံးက ခေါင်းငုံကာအရိုအသေပေးလိုက်ကြလေသည်။

"မင်း က ဘယ်ကသတ္တိတွေနဲ့ ငါ့ တို့ အလုပ်ကိုနှောက်ယှက်နေရတာလည်း။ မှန်မှန်ပြောစမ်း။ မင်းကို ဘယ်သူကခိုင်းလိုက်တာလည်း"

ထိုသူမှ မဖြေ။ ရေငုံနှုတ်ပိတ်နေလေ၏။ သျှားက ဂိုဏ်းသားများကို မျက်နှာရိပ်ပြလိုက်လေ၏။ ဂိုဏ်းသားများကလည်း နားလည်သည့်အလား ထို ဖမ်းထားသောသူရဲ့ လက်ကို ပွတ်ပွတ်ဆူနေသော ရေနွေးဇလုံထဲတွင် ထည့်ကာနှစ်လိုက်လေသည်။

"အား..အားးး..ပူတယ်.. ပူတယ်ဗျ။ တော်ပါတော့ ဗျ။ ကြောက်ပါတယ်။ ကျွန်တော် အမှန်အတိုင်းဝန်ခံပါမယ့်ဗျ"

ထိုသူ၏ မျက်နှာမှာ တကယ်ပင် ကြောက်ရွံနေသည့်အရိပ်အယောင်ကို တွေ့ရလေသည်။ တစ်ကိုယ်လုံး တုန်တုန်ရီရီဖြစ်နေလေသည်။

"ဒီလိုမှပေါ့။ အစကတည်းက အမှန်အတိုင်းပြောလိုက်ရင် အခုလို အသားနာစရာအကြောင်းမရှိတော့ဘူး။ ပြောစမ်း။ ဘယ်သူက မင်းကို အခုလိုလုပ်ဖို့ခိုင်းလိုက်တာလည်း"

"ဟုတ်ကဲ့။ Dragon အဖွဲ့က ခေါင်းဆောင် Mr.Tiger က ခိုင်းလိုက်တာပါဗျ။ သူက ကျွန်တော့်ကို ပိုက်ဆံ ငါးသိန်းပေးပြီး ခိုင်းလိုက်တာပါခင်ဗျ။ ဒီ Bar မှာတရားမဝင်ဆေးတွေ ရောင်းတယ်ဆိုပြီး ရဲတွေကို သတင်းပေးခိုင်းတာပါဗျ။ ဒါပါဘဲဗျ။ ကျန်တာ ကျွန်တော်မသိပါဘူးဗျ။ ကျွန်တော့်ကို လွှတ်ပေးပါနော်။ ကျွန်တော့်မှာ မိသားစုရှိပါတယ်ဗျ အီး...ဟီး"

ထိုသူမှာ ငိုသံကြီးဖြင့် ပြောလိုက်လေသည်။ သျှား တစ်ယောက် ဒေါသထွက်စွာ တောက် တစ်ချက်ပြင်းထန်စွာ ခေါက်လိုက်၏။

"တောက်.. တော်တော်အတင့်ရဲနေတာပေါ့။ ဒီနေ့ည Dragon အဖွဲ့ရှိတဲ့ နေရာကို ဝင်စီးမယ်။ အဲ့အဖွဲ့တော်တော်များနေပြီ။ ဒင်းတို့ လူကုန်ကူးတာကို နှောက်ယှက်လို့ ပြန်ပြီး လက်စားချေတာပေါ့လေ။ ဟား... ကြိုက်တယ်။  Sunny လက်နက်တွေအကုန်အသင့်ပြင်ထားလိုက်။ နောက်ပြီး Dragon အဖွဲ့ခေါင်းဆောင်ရှိတဲ့နေရာကို ထောက်လှမ်းထား။ ကြားလား"

Ms. Mafia & Ms. CEO (မာဖီးယားခေါင်းဆောင်ရဲ့ ဧကရီ) Season (1) (Complete) 🌷💖Where stories live. Discover now