သျှားတစ်ယောက် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ရောက်ရှိလို့လာခဲ့လေသည်။ လေဆိပ်ရှိ ခရီးသည်များကိုကြိုဆိုရာနေရာသို့ ရောက်ရှိလာပြီး လက်ကနာရီကိုတစ်ချက်ကြည့်လိုက်လေသည်။ တော်ပါသေးရဲ့။ အချိန်မှီလေးမို့လို့။ ထိုစဥ် လေယာဥ်တစ်စီးဆိုက်ကပ်လာပြီး လေယာဥ်ပေါ်မှ များပြားလှသော ခရီးသည်များလည်းဆင်းလာလေသည်။
သျှားလည်း ခရီးသည်များကို သတိထားကြည့်ပြီး တစ်ဦးတည်းသောဒေါ်လေးကိုရှာဖွေနေလေသည်။ ဟော။ တွေ့ပါပြီ။ ဒေါ်လေးကိုတွေ့ပါပြီ။ အနီရောင်ရင်ဖုံးလက်ရှည်ဝမ်းဆက်လေးဖြင့် သိပ်ကိုလှပကာ သိမ်မွေ့လွန်းလှသည့် သျှားရဲ့ဒေါ်လေးကို ခရီးသည်တွေကြားထဲမှာ ထင်းခနဲတွေ့ရပါသည်။
ဒေါ်လေးက နေကာမျက်မှန်အမဲကိုစတိုင်ကျကျတပ်ဆင်ထားကာ လည်ပင်းတွင်မူ ပဝါအဖြူရောင်လေးဖြင့် မြန်မာအင်္ကျီအနီရောင်ရင်ဖုံးလက်ရှည်ဝမ်းဆက်လေးနဲ့ ခရီးဆောင်အိတ်ကိုဆွဲလာကာ အိန္ဒြေရရလမ်းလျှောက်လာသည့်ဒေါ်လေးပုံစံမှာ သိပ်ကိုလှပနေလေသည်။ နက်မှောင်သောဆံနွယ်ရှည်များကို သေသေသပ်သပ်ထုံးဖွဲ့ထားကာ အသက်လေးဆယ်ကျော်ဆိုတာမယုံနိုင်စရာပါ။ ဒေါ်လေးက သိပ်ကိုနုလွန်းကာ လှပနေလေသည်။ဒေါ်လေးအရပ်ကလည်း ငါးပေခြောက်လောက်တော့ရှိမယ်ထင်သည်။ မေ့ အရပ်နဲ့တူတူလောက်ဘဲရှိလိမ့်မည်။
ဒေါ်လေးက သျှားကိုတွေ့တွေ့ချင်း သူ့ခရီးဆောင်အိတ်ကို သျှားထံသို့ပေးလိုက်သည်။ သျှား လည်းဒေါ်လေးလက်ထဲမှ ခရီးဆောင်အိတ်ကိုဆွဲကာယူလိုက်သည်။
"ငါ့တူမက အချိန်တိကျသားဘဲ ဘယ်ဆိုးလို့လည်း။ လာ။ မင်းအိမ်ကိုသွားမယ်"
ဒေါ်လေးက ပြောပြောဆိုဆိုနှင့် သျှားရှေ့ကနေ အရင်ထွက်ချသွား၏။ နောက်က သျှားကလည်း ခရီးဆောင်အိတ်ကိုဆွဲကာလိုက်ရတာပေါ့။ သို့နှင့် ကားဆီသို့ရောက်၏။ ခရီးဆောင်အိတ်ကိုကားနောက်ခန်းတွင်တင်ပြီး ကားရှေ့သို့သွားကာ ဒေါ်လေးကို ကားတံခါးအရင်ဖွင့်ပေးလိုက်၏။ ပြီးမှ မောင်းသူဘက်မှ မိမိကတက်ကာ ကားကိုမောင်းထွက်ခဲ့လေသည်။
![](https://img.wattpad.com/cover/354209714-288-k368407.jpg)
YOU ARE READING
Ms. Mafia & Ms. CEO (မာဖီးယားခေါင်းဆောင်ရဲ့ ဧကရီ) Season (1) (Complete) 🌷💖
RomanceMs. Mafia & Ms. CEO (မာဖီးယားခေါင်းဆောင်ရဲ့ ဧကရီ) (သွေးအေးပြီး ရက်စက်သော မြေအောက်ရာဇာဂိုဏ်းရဲ့ မာဖီးယားအဖွဲ့ခေါင်းဆောင် မိန်းမချောလေး သျှားခတ်မောင်။ စီးပွားရေးလောကရဲ့ ဒိတ်ဒိတ်ကြဲထိပ်တန်း ဖြစ်သော Tulip Group Perfume Company ၏ ဥက္ကဌတစ်ယောက်၊ The Golde...