Tulip Group ရုံးချုပ်တွင်ရှိနေသော မေ တစ်ယောက်မှာလည်း စာရင်းများကိုစစ်ဆေးနေလေ၏။ ဆူးလေရုံးခွဲကစာရင်းမှာ အနည်းငယ်ကွာဟနေသည်ကိုတွေ့ရလေသည်။ ထို့ကြောင့် ကဗျာကိုခေါ်လိုက်လေ၏။
"ကဗျာ ဆူးလေရုံးခွဲက စာရင်းကဘာလို့ကွာနေရတာလည်း။ ဒီရုံးခွဲက တော်တော်များနေပြီ။ ငါကိုယ်တိုင်သွားစစ်ပြီး မန်နေဂျာကိုပြောင်းသင့်ရင်ပြောင်းရလိမ့််မယ်"
ကဗျာလည်း မေ့ လက်ထဲကစာရင်းကိုယူကြည့်လိုက်ပြီးခေါင်းငြိမ့်လိုက်လေသည်။
"ဟုတ်တယ်နော် မမ။ ဆူးလေရုံးခွဲကစာရင်းကခဏခဏမှားနေတော့ အဆင်မပြေဘူး မမ"
"အေးဟုတ်တယ် ကဗျာ။ ဒါဆို ငါတို့နှစ်ယောက်ဆူးလေရုံးခွဲကိုသွားရအောင်"
"ဟုတ် မမ"
ထို့နောက် မေ နဲ့ကဗျာနှစ်ယောက်လည်း ဆူးလေရုံးခွဲသို့သွားရန်ရုံးခန်းထဲမှထွက်ခဲ့လိုက်လေသည်။ မေ လည်း ကားပေါ်ရောက်မှ မောင့်ဆီကိုဖုန်းဆက်ပြီးလှမ်းပြောလိုက်၏။
"မောင် ကဗျာနဲ့ ဆူးလေရုံးခွဲကိုစာရင်းတွေစစ်ဖို့ သွားနေတယ်နော်။ အဲဒါ မောင့် ကိုလှမ်းပြောတာ"
တစ်ဘက်က သျှားလည်း မေ က ကဗျာနဲ့ဆိုတော့ စိတ်မပူတော့ပါ။
"အင်းပါ မေ ရဲ့။ ဒါဆို စာရင်းတွေစစ်ပြီးရင် ချက်ချင်းပြန်လာခဲ့နော်။ မောင်က သဝဏ်နဲ့စကားကောင်းနေလို့"
"ဟုတ်ပါပြီ မောင်ရဲ့။ ဒါဆို မေ ဖုန်းချလိုက်ပြီနော်"
မေ တစ်ယောက်ထိုသို့ပြောပြီးဖုန်းချ၏။ထို့နောက် ကားကိုမောင်းထွက်ခဲ့လိုက်လေသည်။
ရွှေမင်းဝံ Cafe မှာရှိတဲ့ သျှားနဲ့သဝဏ်မှာလည်း ခေါက်ဆွဲစားပြီး ကော်ဖီသောက်ကြလေသည်။
"အော် ဒါနဲ့ သဝဏ် ဒေါ်လေးက နှင်းဆီပန်းခရေဇီနော်။ သူက နှင်းဆီပန်းဆိုရင်အရမ်းကြိုက်တာ။ သူ့အခန်းထဲမှာဆိုရင် နှင်းဆီပန်းနဲ့ နှင်းဆီပန်းအနံ့ရှိမှကြိုက်တာကွ"
သျှားစကားကြောင့် သဝဏ်လည်းပြုံးမိလိုက်လေ၏။ အန်တီက နှင်းဆီပန်းအရမ်းကြိုက်တာလား။ နှင်းဆီပန်းလေးတစ်ပွင့်လို နူးညံ့လှပပြီး သိပ်ကိုမြတ်နိုးဖို့ကောင်းတဲ့အန်တီပါလား။ ဘေးနားမှာဆူးတွေဝန်းရံနေပေမယ့်လည်း အဲဒီ့ဆူးတွေကိုဖြတ်ပြီး သဝဏ်အန်တီ့ဆီကိုလာခဲ့ပါ့မယ်နော်။
![](https://img.wattpad.com/cover/354209714-288-k368407.jpg)
YOU ARE READING
Ms. Mafia & Ms. CEO (မာဖီးယားခေါင်းဆောင်ရဲ့ ဧကရီ) Season (1) (Complete) 🌷💖
RomanceMs. Mafia & Ms. CEO (မာဖီးယားခေါင်းဆောင်ရဲ့ ဧကရီ) (သွေးအေးပြီး ရက်စက်သော မြေအောက်ရာဇာဂိုဏ်းရဲ့ မာဖီးယားအဖွဲ့ခေါင်းဆောင် မိန်းမချောလေး သျှားခတ်မောင်။ စီးပွားရေးလောကရဲ့ ဒိတ်ဒိတ်ကြဲထိပ်တန်း ဖြစ်သော Tulip Group Perfume Company ၏ ဥက္ကဌတစ်ယောက်၊ The Golde...