အခန်း (၆၂)

3K 170 15
                                    

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင်ဖြစ်သည်။ ဂျပန်နိုင်ငံခြားရေးဝန်ကြီးခရီးစဥ်ရှိသဖြင့် လေဆိပ်တွင် ရဲအရာရှိများနဲ့လုံခြုံရေးအဖွဲ့များဖြင့်ပြည့်နှပ်နေသည်။ 9:30 အချိန်တွင် ဂျပန်နိုင်ငံမှ ကိုယ်ပိုင်လေယာဥ်တစ်စီးဆိုက်ကပ်လို့လာခဲ့သည်။ ထိုလေယာဥ်ပေါ်မှဆင်းလာတဲ့သူက ဂျပန်နိုင်ငံခြားရေးဝန်ကြီးတစ်ယောက်ပင်ဖြစ်သည်။ သို့သော် နိုင်ငံခြားရေးဝန်ကြီးမှာ အမျိုးသားတစ်ယောက်မဟုတ်ပါ။ အမျိုးသမီးတစ်ယောက်ပင်ဖြစ်၏။

ဦးလင်းရောင်က ထိုအမျိုးသမီးကိုလက်ဆွဲနှုတ်ဆက်ကာ ကြိုဆိုလိုက်လေသည်။ သဝဏ်က ရှေ့ဆုံးကနေပြီး ဂျပန်ဝန်ကြီးကို ကားရှိရာသို့လမ်းပြပေးလေ၏။ သို့ဖြင့် ဝန်ကြီးကိုကြိုဆိုမယ့် အဖိုးတန်ကားအနက်ကြီးရှိရာသို့ရောက်လာလေသည်။ သဝဏ်က အမျိုးသမီးဝန်ကြီးကားပေါ်ကိုတက်ရောက်နိုင်ရန်အတွက်ကားတံခါးဖွင့်ပေးလိုက်သည်။ ထိုအမျိုးသမီးဝန်ကြီးကားပေါ်ကိုရောက်ပြီဆိုမှ အရှေ့က ပွိုင့်ကားဆီသို့သွားလေ၏။ ထို့နောက် သံတမန်များတွေ့ဆုံရာ အိမ်တော်ဆီသို့မောင်းထွက်ခဲ့၏။ အရှေ့ကပွိုင့်ကားမောင်းတဲ့လမ်းအတိုင်း အနောက်က ကားများကတသီးတတန်းကြီးလိုက်ပါလာလေသည်။

သို့ဖြင့် အိမ်တော်သို့ရောက်သောအခါ သဝဏ်ကလျင်မြန်စွာဆင်းပြီး ဂျပန်ဝန်ကြီးရဲ့ကားတံခါးကိုဖွင့်ပေးလိုက်၏။ ထိုဝန်ကြီးမှာ သဝဏ့်ကိုနှစ်လိုဖွယ်ပြုံးကြည့်ပြီး ကားပေါ်မှဆင်းလိုက်ကာ သဝဏ့်ဦးဆောင်ရာနောက်သို့လိုက်သွားလေသည်။ သို့ဖြင့် သံတမန်များတွေ့ဆုံရာ အခန်းသို့ရောက်သောအခါ ဦးလင်းရောင်က နှုတ်ဆက်ပြီး အသီးသီးထိုင်ခုံပေါ်တွင်ထိုင်လိုက်ကြသည်။ သဝဏ်တို့လုံခြုံရေးအဖွဲ့မှာလည်း ဘေးပတ်ပတ်လည်တွင်လုံခြုံရေးယူလိုက်ကြလေသည်။ ထိုအခန်းတွင် ရှိသမျှဖုန်းများကိုစက်ပိတ်ထားရမည်ဖြစ်သည်။ ပြီး လုံခြုံ​ ရေးအရ ဖုန်းသုံးလို့မရသဖြင့် သဝဏ်လည်းဘာမှမတတ်နိုင်။ ထို​ကြောင့် ထိုသူတို့ပြောသောစကားများကိုသာနားစွင့်ထားရလေ၏။

သံတမန်တွေ့ဆုံပွဲမှာ နိုင်ငံစီးပွားရေးဖွံဖြိုးတိုးတက်အောင်လုပ်ဆောင်မည်ဖြစ်ကြောင်း။ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုပိုမိုတိုးတက်စေရေးအတွက်အစွမ်းကုန်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း။ နောက်ပြီး ဦးလင်းရောင်က ရွေးကောက်ပွဲအချိန်အခါနီးလာသဖြင့် သူသာဆက်လက်ပြီးတာဝန်ထမ်းဆောင်ရပါက ဒီထက်မက နိုင်ငံကိုဖွံဖြိုးတိုးတက်အောင်လုပ်ဆောင်မည်ဖြစ်ကြောင်း စသည်ဖြင့်ဆွေးနွေးခဲ့လေသည်။

Ms. Mafia & Ms. CEO (မာဖီးယားခေါင်းဆောင်ရဲ့ ဧကရီ) Season (1) (Complete) 🌷💖Where stories live. Discover now