အခန်း (၃၉)

3.3K 166 2
                                    

ဗဟန်းမှာရှိတဲ့ Forest Night Bar သို့ သျှားတစ်ယောက်ရောက်ရှိလို့လာခဲ့လေသည်။ သျှား လည်း Bar ထဲမှာရှိတဲ့ VVIP room သို့ဝင်သွားသောအခါ ဂိုဏ်းသားခေါင်းဆောင်များအားလုံးစုံလင်နေပြီဖြစ်သည်။ သျှား ဝင်လာတော့ ဂိုဏ်းသားများက ခေါင်းငုံကာအရိုအသေပေးကြလေသည်။ သျှားလည်း ဂိုဏ်းခေါင်းဆောင်ထိုင်ခုံပေါ်တွင်စမတ်ကျစွာခြေချိတ်ကာထိုင်လိုက်သည်။

"မမလေး ရှိုင်းထက်ဦးလေးရာဇာစိုးက သူတို့လူကုန်ကူးမယ့်လူတွေထဲက သန်သန်မာမာယောင်္ကျားသားငါးဆယ်ရဲ့ ကျောက်ကပ်နဲ့ တခြားကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းတွေကို ရောင်းမလို့ကြံစည်နေကြပါတယ်။ နောက်ပြီး သူတို့နဲ့အတူ ခွဲစိတ်ဆရာဝန် ဒေါက်တာနိုင်လင်းဆိုတဲ့လူလည်းပါတယ်လို့သိရပါတယ်။ သူတို့ရဲ့ တည်နေရာက မြို့စွန်က ခြံအကျယ်ကြီးတစ်ခုလို့လည်းသိရပါတယ် မမလေး။ နောက် ပြီး ဟိုနေ့က သူတို့ ထိုင်းကို ပို့မယ့် လူကုန်ကူးမှုကို Shadow Stormက နှောက်ယှက်လို့ အခု ရှိုင်းထက်က သူ့လူတွေကို နှောက်ယှက်တဲ့အဖွဲ့ကို စုံစမ်းခိုင်းထားပါတယ် မမလေး။ အခု Sunny တို့ ဘာဆက်လုပ်ရမလည်း မမလေး"

Sunny စကားကြောင့် သျှား လည်း ခေါင်းကိုအသာငြိမ့်ပြလိုက်လေသည်။ လူယုတ်မာတွေက နည်းမျိုးစုံနဲ့ယုတ်မာနေကြတာပါလား။ သူတို့ရဲ့အကြံအစည်က နောက်ထပ်ရှိအုံးမှာ။ အထူးသဖြင့် ရာဇာစိုးဆိုတဲ့အကောင်။ ဒင်းက အခုမှမြန်မာပြည်ပြန်ရောက် အခုမိုက်တွင်းနက်နဲ့။ နောက်ပြီး သူတို့ကိုနှောက်ယှက်တဲ့ အဖွဲ့ကိုလည်း စုံစမ်းခိုင်းထားတယ်ဆိုတော့ ကိုယ်တွေအဖွဲ့ကမှန်းမရိပ်မိအောင်နေရမှာဘဲ။

"ဦးလေး မိုးစက် ဟိုနေ့က ရှိုင်းထက်တို့ လူကုန်ကူးမှုကို နှောက်ယှက်တာ ပိပိရိရိလုပ်ခဲ့တယ်မလား။ ဦးလေးရဲ့အဖွဲ့ကိုလည်း ဒီကောင်တွေမရိပ်မိအောင် ပိပိရိရိနေခိုင်းပါဦးလေး"

"စိတ်ချပါ သမီး။ ဦးလေးအကုန်လုံးကို စီစဥ်ထားပြီးသားပါ။ တောက်! ရာဇာစိုးဆိုတဲ့အကောင်က အရင်အတိုင်းပါဘဲလား။ ဒင်းကြောင့် သေတဲ့လူတွေလည်းများနေပြီ။ ဒင်းကိုမိရင်တော့လား မသေမချင်းနှိပ်စက်ပြီးသတ်ပစ်မယ်"

Ms. Mafia & Ms. CEO (မာဖီးယားခေါင်းဆောင်ရဲ့ ဧကရီ) Season (1) (Complete) 🌷💖Where stories live. Discover now