အင်းစိန် CID သို့သဝဏ်ရောက်ရှိလာသောအခါ အစည်းအဝေးကစတင်တော့မည်ဖြစ်သည်။ အစည်းအဝေးခန်းမထဲတွင် လူတောင်စုံလင်နေပြီဖြစ်သည်။ ကောင်းခန့်ကတော့ သူ့ယောက်ဖနာရေးကြောင့်မလို့ မလာနိုင်ကြောင်း ခွင့်တိုင်ထားသည်ဟုပြောသည်။ အင်းလေ။ ဘယ်လာနိုင်မှာလည်း။ ထိုစဥ် ရဲမှူးချုပ်လည်းအစည်းအဝေးခန်းမထဲသို့ရောက်ရှိလာလေသည်။ ရဲမှူးချုပ်ဝင်လာပြီဆိုတော့ အကုန်လုံးကမတ်တပ်ရပ်လိုက်ကာ အလေးပြုလိုက်ကြ၏။ ပြီး ရဲမှူးချုပ်ကထိုင်လို့ရပြီဆိုမှ ထိုင်လိုက်ကြလေသည်။
ပထမဦးဆုံး ရန်ကုန်တိုင်းတွင်လူပျောက်မှုများနဲ့ပတ်သတ်ပြီး ထိုအမှုများကိုကိုင်တွယ်နေသော သဝဏ်မှ စတင်ပြီးဆွေးနွေးမှုများကိုပြုလုပ်ခဲ့လေသည်။ လူပျောက်မှုများနဲ့ဆက်စပ်နေသော မူးယစ်ဆေးဝါးနှင့် တရားမဝင်ပြည်တန်ဆာလုပ်ငန်းများ၊ နောက်ပြီး တရားမဝင် ကိုယ်တွင်းအင်္ဂါများကိုထုတ်ယူရောင်းစားမှုများ စသည့်အမှုများကိုပါ သဝဏ်ကိုယ်တိုင်ရှင်းလင်းတင်ပြလေသည်။ ရဲမှူးချုပ်ကလည်း သဝဏ်ရဲ့ ဆွေးနွေးတင်ပြမှုများကို နားထောင်ပြီး ခေါင်းတငြိမ့်ငြိမ့်ရှိနေလေသည်။ သဝဏ်လည်း ဆွေးနွေးတင်ပြမှုများအပြီး ရဲမှူးချုပ်ကသဝဏ့်ကိုစကားဆိုလိုက်၏။
"ဒါဆို ဗိုလ်ကြီးသဝဏ်လွှာက ဒီအမှုကိစ္စတွေနဲ့ပတ်သတ်ပြီး သေချာကိုင်တွယ်ပေးပါ။ နောက်ပြီး တရားမဝင်ကိုယ်တွင်းအင်္ဂါတွေထုတ်ရောင်းတာဟုတ်လား။ ဘုရားး...ဘုရားး။ ရက်စက်ကြပါလား။ ဒါတွေအကုန်လုံးက ဒီလူပျောက်မှုတွေနဲ့ဆက်စပ်နေတာပေါ့။ အဲဒါဆို ဒီအမှုတွေအကုန်လုံးကိုဗိုလ်ကြီးသဝဏ်လွှာဘဲတာဝန်ယူပေးပါ။ ဗိုလ်ကြီးအကောင်းဆုံးလုပ်နိုင်မယ်လို့ ယုံကြည်ပါတယ်။ ဒီအမှုတွေနဲ့ပတ်သတ်တဲ့ ဘယ်သူ့ကိုမဆို အဘလည်းခွင့်လွှတ်မှာမဟုတ်ပါဘူး။ ဒါဆို ကောင်းပါပြီ ဗိုလ်ကြီး။ ဆက်လုပ်ပါ"
ရဲမှူးချုပ်စကားရဲ့အဆုံး၌ သဝဏ်လည်း ရဲမှူးချုပ်ကိုအလေးပြုကာ ထိုင်ခုံပေါ်တွင်ထိုင်လိုက်လေသည်။ ပြီး နောက်ထပ် အမှုများနဲ့ပတ်သတ်ပြီး ရဲအရာရှိအသီးသီးမှ ဆွေးနွေးမှုများကိုထပ်မံပြုလုပ်ခဲ့လေသည်။ သို့ဖြင့် အစည်းအဝေးလည်းပြီးသွားသဖြင့် သဝဏ်လည်း အစည်းအဝေးခန်းမထဲမှ ထွက်လာခဲ့လေသည်။ ဟူးး။ လူယုတ်မာတွေကို အမြန်ထောင်ထဲထည့်ပစ်မှတောကာကျမယ်။ ဒါမှ အန်တီ့အတွက်စိတ်အေးရမှာ။ သဝဏ်လည်း အန်တီရဲ့ကျက်သရေရှိလှတဲ့ မျက်နှာလှလှလေးကိုသာလျှင်မျက်လုံးထဲမြင်ယောင်နေမိ၏။
YOU ARE READING
Ms. Mafia & Ms. CEO (မာဖီးယားခေါင်းဆောင်ရဲ့ ဧကရီ) Season (1) (Complete) 🌷💖
Storie d'amoreMs. Mafia & Ms. CEO (မာဖီးယားခေါင်းဆောင်ရဲ့ ဧကရီ) (သွေးအေးပြီး ရက်စက်သော မြေအောက်ရာဇာဂိုဏ်းရဲ့ မာဖီးယားအဖွဲ့ခေါင်းဆောင် မိန်းမချောလေး သျှားခတ်မောင်။ စီးပွားရေးလောကရဲ့ ဒိတ်ဒိတ်ကြဲထိပ်တန်း ဖြစ်သော Tulip Group Perfume Company ၏ ဥက္ကဌတစ်ယောက်၊ The Golde...
