အခန်း (၃၈)

3.5K 191 3
                                    

နန်းတစ်ယောက် အိမ်သို့ပြန်ရောက်လာသောအခါ သဝဏ်ပေးသော အိတ်ကိုအခန်းထဲက စားပွဲပေါ်တွင်တင်လိုက်၏။ ပြီး မျက်နှာသစ်ရန် ရေချိုးခန်းထဲသို့ဝင်သွားလိုက်လေသည်။ ထို့နောက် ကုတင်ပေါ်တွင် လှဲအိပ်လိုက်ကာ ဖုန်းကြည့်နေ​တော့၏။ ဖုန်းကြည့်နေရင်း မျက်လုံးက သဝဏ်ပေးထားသော အိတ်လေးကိုတစ်ချက်ကြည့်လိုက်ပြန်သည်။ ဒီကလေးမလေး ငါ့ကိုဘာလာပေးသွားတာပါလိမ့်။

နန်းလည်း လှဲအိပ်နေရာကနေ ထလိုက်ကာ အိတ်ကိုဖွင့်ကြည့်လိုက်​လေသည်။ ထိုအခါ နန်းရဲ့မျက်လုံးလေးများက ဝင်းလက်သွားလေသည်။ ဟင်။ ဒိုရေမွန်အရုပ်​လေးပါလား။ ဒါ..ဒါက။ နန်းလည်း အရုပ်​လေးကို ပိုက်ယူလိုက်ကာ ကုတင်ပေါ်သို့ပြန်လာကာလှဲလိုက်လေသည်။ ပြီး အရုပ်​လေးကိုမြှောက်ကြည့်လိုက်လေသည်။ အရုပ် လေးကို ကြည့်​ပြီးနန်း နှုတ်ခမ်းပါးလေးက ပြုံးမိလိုက်လေ၏။ ကလေးစုတ်မလေး။ ဒါမျိုးကျသိတတ်တယ်။ လူကြီးကိုအရုပ်ပေးရတယ်လို့။ နန်းက ဒိုရေမွန်အရုပ်လေးတွေဆိုရင် အရမ်းချစ်တယ်လေ။ အဲ့ဒါကြောင့် အရုပ်စက်ထဲက ဒိုရေမွန်အရုပ်လေးကိုငေးကြည့်နေတာပေါ့။ ဒါကို က​လေးမလေးက သတိထားမိသားဘဲ။ ဘယ်ဆိုးလို့လည်း။

ထိုစဥ် နန်းရဲ့ဖုန်းကမြည်လာလေသည်။ Contact မှာမှတ်မထားသဖြင့် နန်း ထိုဖုန်းနံပါတ်ကိုမသိ။ သို့သော် ဖုန်းကိုင်လိုက်ပါ၏။

"ဟဲလို"

"အန်တီလားဟင်။ သမီး သဝဏ်လွှာပါ အန်တီ"

တစ်ဘက်က ပြန်ပြောလိုက်တဲ့အသံလေးကြောင့် နန်းရင်ထဲ အတိုင်းမသိဝမ်းသာသွားရသည်ကို နန်းကိုယ်တိုင်တောင်သတိမထားမိပါ။ ကလေးမလေးက ဘာကိစ္စရှိလို့ပါလိမ့်။

"အော်...ပြောလေ ကလေးမ။ ဘာကိစ္စရှိလို့လည်း"

နန်းရဲ့စကားကြောင့် သဝဏ်လည်းပြုံးမိလိုက်လေသည်။ သဝဏ်က ကိစ္စရှိမှဆက်ရမှာလား အန်တီရယ်။

"ဟုတ် ဘာကိစ္စမှမရှိပါဘူး။ ဟိုဟာလေ သဝဏ့်ရဲ့လက်ဆောင်လေးကို အန်တီသဘောကျရဲ့လားလို့ မေးမလို့ပါ"

သဝဏ့်စကားကြောင့် နန်းရဲ့နှုတ်ခမ်းပါး​လေးက အလိုလိုနေရင်းပြုံးမိလိုက်လေသည်။

Ms. Mafia & Ms. CEO (မာဖီးယားခေါင်းဆောင်ရဲ့ ဧကရီ) Season (1) (Complete) 🌷💖Where stories live. Discover now