သျှားတစ်ယောက် အိမ်သ်ို့ပြန်ရောက်သောအခါ ခြံရဲ့ပတ်ပတ်လည်မှာ လုံခြုံရေးနေရာယူထားတဲ့ ဒေဝတို့အဖွဲ့က သျှားကိုအရိုအသေပေးလိုက်ကြ၏။ သျှားကလည်း ဒေဝကိုစကားဆိုလိုက်သည်။
"တာဝန်ကျေပါတယ် ဒေဝ။ ဒါဆို အိမ်ကိုပြန်ပြီး Sunny ကိုကူညီပေးလိုက်တော့"
"ဟုတ်ကဲ့ပါ မမလေး။ ဒါဆို ကျွန်တော်တို့ကိုခွင့်ပြုပါအုံး"
ဒေဝတို့အဖွဲ့က သျှားကိုအရိုအသေပေးပြီး ကားအသီးသီးဖြင့်ခြံထဲမှ မောင်းထွက်ခဲ့လိုက်၏။ သျှားလည်း အိမ်ထဲသို့ဝင်ပြီး မေ့ အခန်းဆီသို့သွားလိုက်လေသည်။ အခန်းထဲသို့ရောက်သောအခါ ထိုင်ခုံပေါ်တွင် ထိုင်ကာ Rosy နဲ့အတူရီရီမောမောစကားပြောနေသော ချစ်ဇနီးလေးကိုတွေ့ရလေသည်။ Rosy နဲ့ထိုင်စကားပြောနေတဲ့ မေ တစ်ယောက် သျှားကိုမြင်သောအခါ မျက်နှာလေးကဝင်းပသွားကာ ထိုင်ရာကနေထလိုက်ပြီး သျှားဆီသို့ပြေးသွားကာ သျှားရင်ခွင်ထဲကိိုတိုးဝင်လိုက်၏။ သျှားလည်း ရင်ခွင်ထဲသို့တိုးဝင်လာသော ချစ်ရသူကိုတင်းကျပ်စွာပွေ့ဖတ်ထားလေသည်။ Rosy ကလည်း သျှားအနားသို့ရောက်လာပြီး သျှားကိုအရိုအသေပေးကာစကားဆိုလိုက်၏။
"မမလေး ပြန်ရောက်လာပါပြီလား။ အခြေအနေကရော"
"မနက်ဖြန် အယုတ်တမာရဲ့နာရေးသတင်းကိုကြားရလိမ့်မယ်။ Rosy ငါ့ကားကို မောင်းပြီးအိမ်ကိုပြန်လိုက်တော့။ ပြီးရင် Sunny ကိုကူညီပေးလိုက်အုံးနော်"
"ဟုတ်ကဲ့ပါ မမလေး။ ဒါဆို Rosy ကိုခွင့်ပြုပါအုံး"
Rosy လည်း သျှားကိုအရိုအသေပေးပြီး အခန်းထဲမှထွက်ခွာသွားလေသည်။ ရင်ခွင်ထဲက မေကတော့ မောင်ကRosy ကိုဘာပြောတာလည်းဆိုတာကိုသိပါ၏။ ရှိုင်းထက်ဆိုတဲ့ အယုတ်တမာကိုမောင်က မနက်ဖြန်အဆုံးစီရင်ဖို့ပြောနေတာနဲ့တူတယ်။ ဖြစ်သင့်ပါတယ်။ မောင် အမြတ်တနိုးတန်ဖိုးထားရတဲ့ မေ့ ကိုကိုယ်ထိလက်ရောက်ကျူးလွန်ပြီးမတော်တရားကြံဖို့ကြိုးစားနေတဲ့ လူယုတ်မာက ဒီလိုမျိုးနဲ့ဘဲထိုက်တန်ပါတယ်။ မေ့ ရဲ့ချစ်သူမောင်က သူအမြတ်တနိုးထားရတဲ့ မေ့ ကိုထိရင်ဘယ်သူ့ကိုမှခွင့်လွှတ်တတ်တဲ့လူစားမျိုးမဟုတ်ကြောင်းကို မေ လည်း သိလာရ၏။ မောင်ရယ်။ မေ့ ဘေးနားမှာ မောင်ရှိနေတာက မေ့အတွက် ဘုရားပေးတဲ့ဆုလာဘ်တစ်ခုပါဘဲ မောင်ရယ်။
![](https://img.wattpad.com/cover/354209714-288-k368407.jpg)
YOU ARE READING
Ms. Mafia & Ms. CEO (မာဖီးယားခေါင်းဆောင်ရဲ့ ဧကရီ) Season (1) (Complete) 🌷💖
RomanceMs. Mafia & Ms. CEO (မာဖီးယားခေါင်းဆောင်ရဲ့ ဧကရီ) (သွေးအေးပြီး ရက်စက်သော မြေအောက်ရာဇာဂိုဏ်းရဲ့ မာဖီးယားအဖွဲ့ခေါင်းဆောင် မိန်းမချောလေး သျှားခတ်မောင်။ စီးပွားရေးလောကရဲ့ ဒိတ်ဒိတ်ကြဲထိပ်တန်း ဖြစ်သော Tulip Group Perfume Company ၏ ဥက္ကဌတစ်ယောက်၊ The Golde...