ဟိုတယ်ကိုပြန်ရောက်တော့ မေ က ရေချိုးချင်တယ်ဟုဆိုကာရေချိုးခန်းထဲသို့ဝင်သွားလေသည်။ သျှားကလည်း ဦးလေးမိုးစက်ဆီသို့ဖုန်းဆက်လိုက်လေသည်။
"ဟဲလို မမလေး အမိန့်ရှိပါ"
"ရာဇာစိုးတို့သတင်းဘာကြားသေးလည်း ဦး လေး။ သမီး ဒီကောင့်ကို အခု ဘန်ကောက်မှာတွေ့လိုက်လို့။ သူ့ဘေးနားမှာလူတစ်ယောက်လည်းပါတယ်"
"ဟုတ်တယ် မမလေး။ ဒီကောင်က ဒေါက်တာနိုင်လင်းနဲ့ ဘန်ကောက်ကိုသွားတယ်လို့ သတင်းကြားရတယ်။ သေချာတာတစ်ခုကတော့ ကိုယ်တွင်းအင်္ဂါတွေသွားရောင်းတယ်ထင်တယ်"
"ဟုတ်လား။ သမီးလည်း ဘန်ကောက်မှာရောက်နေတာ။ ခုနက ဒီကောင့်ကို Shopping Mall မှာတွေ့လိုက်ရလို့။ နောက်ပြီး ဒီကောင်က သမီးချစ်သူရဲ့မိဘနှစ်ပါးကိုသတ်သွားတဲ့အကောင်။ သမီးကိုယ်တိုင် ဒင်းကိုသတ်ပစ်မယ်"
သျှားစကားကြောင့် တစ်ဘက်မှဦးလေးမိုးစက်က မျက်လုံးပြူးသွားလေသည်။ ပြီး အံ့သြတကြီးရေရွတ်လိုက်လေသည်။
"ဘယ်လို..ဘယ်လို။ မမလေး ဒီကောင်က မမလေးချစ်သူရဲ့ မိဘနှစ်ပါးစလုံးကိုသတ်သွားတဲ့အကောင်ဟုတ်လား။ တော်တော်များနေပြီ ခွေးသူတောင်းစားက။ တောက်! တော်တော်လေးကိုယုတ်မာတဲ့အကောင်ပါ့လား"
"သေချာတာပေါ့ ဦးလေးရ။ သမီး ဒီကောင့်ကိုသမီးလက်နဲ့ကိုယ်တိုင်သတ်ပစ်မယ်။ ဒါဆို ဥိီးလေးတို့အဖွဲ့က ရာဇာစိုးရဲ့ယုတ်မာမှုမှန်သမျှကိုထောက်လှမ်းထားပါ။ နောက်ပြီး သမီးချစ်သူရဲ့ မိဘနှစ်ပါးကိုသတ်ရတဲ့အကြောင်းရင်းကိုပါ ထောက်လှမ်းထားပေးပါ။ အခြေအနေထူးရင် သမီးကိုလှမ်းပြီးပြောပေးပါ"
သျှားစကားကို ဦးလေးမိုးစက်လည်း ခေါင်းငြိမ့်ကာထောက်ခံလိုက်လေသည်။
"စိတ်ချပါ မမလေး။ ဦးလေးစုံစမ်းထားပေးပါ့မယ်။ မမလေးသာဂရုစိုက်နော်"
"ဟုတ်ပါပြီ ဦးလေး။ ဒါဆို သမီးဖုန်းချလိုက်ပြီနော်"
သျှားလည်းထိုသို့ပြောပြီးဖုန်းချပစ်လိုက်၏။ သူနဲ့အတူပါလာတဲ့သူက ဒေါက်တာနိုင်လင်းဆိုပါလား။ ဆရာဝန်ဖြစ်ပြီး တော်တော်လေးကိုယုတ်မာတဲ့သူပါလား။ ဒင်းကိုလည်းလွှတ်မပေးနိုင်ဘူး။ နေနှင့်ဦးပေါ့ကွာ။ ခုလောလောဆယ် ရှိုင်းထက်အတွက်နောက်ထပ် ခဲတစ်လုံးပစ်ကျွေးထားလိုက်မယ်။ သျှားလည်း Sunny ဆီသို့ဖုန်းဆက်လိုက်ပြန်သည်။
YOU ARE READING
Ms. Mafia & Ms. CEO (မာဖီးယားခေါင်းဆောင်ရဲ့ ဧကရီ) Season (1) (Complete) 🌷💖
RomansaMs. Mafia & Ms. CEO (မာဖီးယားခေါင်းဆောင်ရဲ့ ဧကရီ) (သွေးအေးပြီး ရက်စက်သော မြေအောက်ရာဇာဂိုဏ်းရဲ့ မာဖီးယားအဖွဲ့ခေါင်းဆောင် မိန်းမချောလေး သျှားခတ်မောင်။ စီးပွားရေးလောကရဲ့ ဒိတ်ဒိတ်ကြဲထိပ်တန်း ဖြစ်သော Tulip Group Perfume Company ၏ ဥက္ကဌတစ်ယောက်၊ The Golde...