ထွက်ခွာသွားသော BMW X6 အနီရောင်ကားလေးကို သျှား တစ်ယောက်မျက်စိတစ်ဆုံးရပ်ကြည့်နေမိသည်။ ထိုစဥ် သျှား ဆီသို့ ဖုန်းဝင်လာလေသည်။ ဖုန်းခေါ်တဲ့သူကို ကြည့်လိုက်တော့ Rosy။
"ပြော Rosy။ ဘာထူးလို့လည်း"
"မမလေး။ ဒီနေ့ည ပွဲတစ်ပွဲရှိတယ်။ မမလေး ဝင်ပါရမယ့်ပွဲ"
"ကြေးက ဘယ်လောက်ဖိုးလည်း"
"2 ဘီလီယံ ဖိုးလောက်ရှိတယ်"
"ဟုတ်ပြီ။ တစ်ဘက်ကလူကရော ဘယ်ကလည်း"
"နိုင်ငံထိပ်သီးထဲကဘဲ မမလေး။ ခုမှ စကိုင်မယ့် အဖွဲ့အသစ်။ အဲဒီ့လူကိုယ်တိုင်လာမှာ"
"ငါခုချက်ချင်းလာခဲ့မယ်။ ပစ္စည်းတွေကို အသင့်ပြင်ထားလိုက်။ ငါကိုယ်တိုင်စစ်မယ်။ နောက်ပြီး လိုရမယ်ရ အိတ်ဆောင် Gun ကိုပါ အသင့်ပြင်ထားလိုက်။ ဂိုဏ်းသားတွေကိုလည်း လိုရမယ်ရ လက်နက်အသင့်ပြင်ခိုင်းထားလိုက်"
"ဟုတ်ကဲ့ပါ မမလေး။ တည်နေရာက အရင်နေရာဘဲလား"
"အေး။ အဲဒီ နေရာကိုဘဲချိန်းလိုက်။ လုံခြုံမှုရှိပါစေ"
"ဟုတ်ကဲ့ပါ မမလေး။ ဒါဆို ဆက်လုပ်လိုက်ပါ့မယ်"
သျှား ဖုန်းချလိုက်လေ၏။ ဒီလိုမျိုး ကြေးကြီးကြီး ပွဲမျိုးဆို သျှား မပါ၍မရ။ အခန့်မသင့်ပါက အန္တရာယ်လည်းရှိနိုင်သည်။ အလွယ်တကူယုံလို့လည်းမရ။ အရောင်းအဝယ် လုပ်နေကြ ဖောက်သည်တွေဆို ကိစ္စမရှိ။ ခုမှစလုပ်မယ့် အဖွဲ့အသစ်တွေဆိုရင် သတိထားရသည်။
သျှားလည်း မေ ပြန်လာသည့်အချိန်ထိမစောင့်နိုင်တော့ပေ။ ထို့ကြောင့် Tulip Group ရုံးချုပ်ရှေ့မှ ချက်ချင်းပင်ထွက်လာခဲ့လေ၏။
နေ့လည်စာစားပြီးတော့ မေ တစ်ယောက် သူမ၏ ရုံးကို ပြန်လာခဲ့လေသည်။ ပြန်လာတော့ ဟိုကလေကချေမလေးကို မတွေ့ရ။ ကြည့်ရတာ ပြန်သွားပြီထင်တယ်။ လူကို အရည်မရအဖတ်မရ စကားတွေလာပြောသွားသေးတယ်။
ရုံးခန်းထဲကို ရောက်တော့ ကဗျာကို Coffee တစ်ခွက်ဖျော်ခိုင်းလိုက်လေ၏။ မေ့ အကျင့်က ထမင်းစားပြီး ကော်ဖီသောက်တတ်တဲ့ အကျင့်။ ကော်ဖီမသောက်ရလျှင် မနေနိုင်။ ရုတ်တရတ် ဟိုကလေကချေမလေးအကြောင်းက ခေါင်းထဲရောက်လာပြန်ပြီ။
YOU ARE READING
Ms. Mafia & Ms. CEO (မာဖီးယားခေါင်းဆောင်ရဲ့ ဧကရီ) Season (1) (Complete) 🌷💖
RomanceMs. Mafia & Ms. CEO (မာဖီးယားခေါင်းဆောင်ရဲ့ ဧကရီ) (သွေးအေးပြီး ရက်စက်သော မြေအောက်ရာဇာဂိုဏ်းရဲ့ မာဖီးယားအဖွဲ့ခေါင်းဆောင် မိန်းမချောလေး သျှားခတ်မောင်။ စီးပွားရေးလောကရဲ့ ဒိတ်ဒိတ်ကြဲထိပ်တန်း ဖြစ်သော Tulip Group Perfume Company ၏ ဥက္ကဌတစ်ယောက်၊ The Golde...
