အခန်း (၁၆)

5.7K 242 5
                                    

မနက်ခင်းရောင်နီနဲ့အတူ သျှား ရဲ့မျက်လုံးလေးများက အလိုက်သိစွာဖွင့်ဟလာခဲ့၏။ သျှားရဲ့ လည်တိုင်လေးကို လေငွေ့နွေးနွေးလေးက တိုးတိတ်စွာရိုက်ခတ်လို့လာသည်။ သျှား ရဲ့ လက်တစ်ဖက်ကလည်း နူးညံညင်သာသော ကျောပြင်သွယ်သွယ်လေးကို မြတ်နိုးစွာထွေးပွေ့ထားလေသည်။ သျှား တစ်​ယောက် ပြုံးမိလိုက်၏။

ပြီး ရင်ခွင်ထဲ၌ နှစ်ခြိုက်စွာအိပ်မောကျနေသော မြတ်နိုးရသူလေးကို သျှား ချစ်မဝစွာကြည့်လိုက် လေသည်။ မြတ်နိုးရသူလေးကတော့ အိပ်မောကျနေဆဲပါ။ ချစ်ရသူလေး နိုးသွားမှာဆိုးသဖြင့် သျှား တစ်ယောက် မေ့ ရဲ့ဦးခေါင်းလေးကို လက်တစ်ဖက်ဖြင့် အသာအယာကိုင်မြောက်လိုက်ကာ မေ ခေါင်းအုံးအိပ်ထားသော သူ့ရဲ့လက်တစ်ဖက်ကို ဖယ်လိုက်ပြီး မေ့ ရဲ့ခေါင်းလေးကို ခေါင်းအုံးပေါ်သို့ ညင်သာစွာချပေးလိုက်လေ၏။ ပြီး မေ့ကိုစောင်ပြန်ခြုံပေးလိုက်လေသည်။ ထို့နောက် မေ့ ပါးပြင်နုနုလေးကို မြတ်နိုးစွာနမ်းရှိုက်ပြီး ကုတင်ပေါ်မှဆင်းကာ အခန်းထဲမှထွက်သွားလေသည်။ ချစ်သူလေးအတွက် မနက်စာပြင်ပေးရအုံးမယ်လေ။

ဒီနေ့တော့ မေ့ အတွက် Italian Pasta (အီတလီခေါက်ဆွဲ) ကိုလုပ်ပေးထား၏။ သျှားရဲ့ နိုင်ငံခြားအစားအစာမျိုးစုံကို ချက်တတ်မှုကြောင့် ကြီးကြီးမိုးတို့ပင် အံ့သြနေသည်။

"သမီးလေး သျှား။ ဒီလိုမျိုးနိုင်ငံခြားအစားအသောက်တွေကို ဘယ်လိုလုပ်တတ်တာလည်း။ ကြီးကြီးတို့ကိုလည်း သင်ပေးပါ့လား"

ကြီးကြီးမိုးစကားကြောင့် သျှားတစ်​ယောက် ပြုံးမိလိုက်၏။

"သမီးက စာဖိုးမှူးသင်တန်းလည်းတတ်ထားတယ်လေ ကြီးကြီးမိုးရဲ့။ အဲ့ဒါကြောင့် ချက်တတ်တာ။ နောက်မှ ကြီးကြီးမိုးတို့ကိုသင်ပေးမယ်နော်"

"ဟုတ်ပါပြီ သမီးရယ်။ သမီးပျိုကတော့ ကြိုက်မှာသေချာတယ် စားချင်စရာလေး"

"ကြီးကြီးတို့ရော စားရအောင် သမီးပိုလုပ်ထားတယ်လေ။ အများ​ကြီးဘဲ"

"ဟယ် ဟုတ်လား။ ကျေးဇူးတင်ပါတယ် သမီးရယ်။ ငါ့သမီးလေးက အားကိုးရတယ်။ ကြီးကြီးမိုး သမီးပျိုအတွက်စိတ်ချရပါပြီ"

Ms. Mafia & Ms. CEO (မာဖီးယားခေါင်းဆောင်ရဲ့ ဧကရီ) Season (1) (Complete) 🌷💖Where stories live. Discover now