ခမ်းနားလှပသော အိမ်ကြီးတစ်အိမ်ထဲတွင်ဖြစ်သည်။ ဦးလင်းရောင်တစ်ယောက်မှာ သေဆုံးသွားသော သားဖြစ်သူရဲ့ဓာတ်ပုံကိုကြည့်ပြီး ဝမ်းနည်းပူဆွေးခြင်းနဲ့ဒေါသထွက်ခြင်းတို့က ဒွန်တွဲနေလေသည်။ တောက်! မေဘရဏီပျို! မေဘရဏီပျို! သောက်ကောင်မ! နေနှင့်ဦးပေါ့ကွာ! ထမင်းသာဝအောင်စားထား။ ဦးလင်းရောင်တစ်ယောက် သားဖြစ်သူ ယခုကဲ့သို့အဖြစ်ဆိုးနဲ့ကြုံရပြီးသေဆုံးသွားရခြင်းမှာ မေဘရဏီပျိုနဲ့ပယောဂမကင်းဘူးဟ တစ်ထစ်ချယုံကြည်ထား၏။ထို့ကြောင့် မေဘရဏီပျိုကိုလည်းအငြိုးအတေးထားနေလေသည်။
တူဖြစ်သူရဲ့နာရေးသတင်းကိုကြားပြီး Spain နိုင်ငံကိုရောက်နေတဲ့ ရာဇာစိုးတစ်ယောက်မှာလည်း မြန်မာနိုင်ငံသို့အလျင်အမြန်ပင်ပြန်လာခဲ့လေသည်။ သို့သော် သူတစ်ယောက်ထဲတော့မဟုတ်ပါ။ ဘေးနားတွင် သူ့ရဲ့မိတ်ဆွေဆိုသော လူတစ်ယောက်လည်းပါလာလေသည်။
ရာဇာစိုးတစ်ယောက် အိမ်ကိုပြန်ရောက်သောအခါ တူဖြစ်သူရဲ့ဓာတ်ပုံကိုကိုင်ကာ ငိုကြွေးနေသော ညီဖြစ်သူကိုတွေ့ရလေသည်။ ရာဇာစိုးလည်းအထိတ်တလန့်ဖြင့် သူ့ညီရဲ့ပုခုံးကိုပုတ်ကာစကားဆိုလိုက်သည်။
"ဘယ်လိုဖြစ်ရတာလည်း ညီလေးရာ။ တူလေး!တူလေးက ဘယ်လိုဖြစ်လို့ဒီလိုမျိုးဆုံးသွားရတာလည်း! ဘယ်ကောင်တွေက ငါ့တူကိုဒီလိုမျိုးဖြစ်အောင်လုပ်တာလည်း! ညီလေးပြောကွာ။ အကိုကြီး ငါ့တူအတွက်လက်စားချေပေးမယ်"
ရာဇာစိုးရဲ့စကားကြောင့် ဦးလင်းရောင်လည်း ငိုနေရင်းဖြင့်အံကိုတင်းတင်းကြိတ်ကာစကားဆိုလိုက်၏။
"ဘယ်သူရှိရမလည်း အကိုကြီးရာ။ ဟိုခွေးမ မေဘရဏီပျိုနဲ့ သူ့ညီမဆိုတဲ့သောက်ကောင်မကြောင့်ပေါ့ဗျာ။ သားလေးဒီလိုမျိုးအဖြစ်ဆိုးနဲ့ကြုံပြီးသေသွားရတာ ဒင်းတို့ကြောင့်ဗျ"
ဦးလင်းရောင်စကားအဆုံး၌ ရာဇာစိုးလည်းတောက်တစ်ချက်ပြင်းထန်စွာခေါက်လိုက်လေသည်။
"ဘာပြောတယ် ညီလေး။ တောက်! ငါကအချောအလှလေးမို့လို့လွှတ်ပေးထားတာကို အကန်းတက်နေတယ်ပေါ့လေ။ ဟုတ်လား။ အဲ့ဒီ ညီမနှစ်ယောက် သေဖို့သာပြင်ထား။ ဟားးး ငါတော့ သူတို့ကို ညီမလို့ကိုမထင်တာ။ နှစ်ယောက်က သမီးရည်းစားလိုဘဲ။ ဘာဘဲဖြစ်ဖြစ် နှစ်ယောက်စလုံးထမင်းသားဝအောင်သာစားထားကြ။ ညီလေး မပူနဲ့။ ဒီခွေးမနှစ်ကောင်ကိုအပြတ်ရှင်းပစ်ဖို့အတွက် အကိုကြီးတာဝန်တာထား။ ကြားလား"
![](https://img.wattpad.com/cover/354209714-288-k368407.jpg)
YOU ARE READING
Ms. Mafia & Ms. CEO (မာဖီးယားခေါင်းဆောင်ရဲ့ ဧကရီ) Season (1) (Complete) 🌷💖
RomanceMs. Mafia & Ms. CEO (မာဖီးယားခေါင်းဆောင်ရဲ့ ဧကရီ) (သွေးအေးပြီး ရက်စက်သော မြေအောက်ရာဇာဂိုဏ်းရဲ့ မာဖီးယားအဖွဲ့ခေါင်းဆောင် မိန်းမချောလေး သျှားခတ်မောင်။ စီးပွားရေးလောကရဲ့ ဒိတ်ဒိတ်ကြဲထိပ်တန်း ဖြစ်သော Tulip Group Perfume Company ၏ ဥက္ကဌတစ်ယောက်၊ The Golde...