အခန်း (၉)

6.5K 261 6
                                        

မေ တစ်ယောက် အိမ်ထဲသို့ဝင်လာသောအခါ ကြီးကြီးမိုးက သူ့ဖုန်းလေးကိုကိုင်ပြီး မေ့ ကိုစိတ်ပူသောအမူအရာ​ဖြင့် ပြောလေသည်။

"သမီးပျို။ ကြီးကြီးဆီဖုန်းခေါ်ထားလို့။ ကြီးကြီးက အိမ်သာတက်နေလို့ပါ သမီးရဲ့။ သမီးလေး ဘာဖြစ်လို့လည်း။ သမီးရဲ့ကားကိုရော မတွေ့မိပါလား"

"သမီးအိမ်ပြန်တဲ့လမ်းမှာ လူမိုက်တစ်စုနဲ့တိုးခဲ့လို့ ကြီးကြီးမိုး။ အဲ့လူတွေက သမီးကိုဖမ်းခေါ်ဖို့လုပ်နေတာ။ ကားဘီးကိုလည်း အဲ့လူတွေက ပေါက်အောင်လုပ်တာ။ ကားကိုတော့ ကုမ္ပဏီကို ဖုန်းဆက်ပြီး ယူခိုင်းထားလိုက်ပြီ"

မေ့ စကားကြောင့် ကြီးကြီးမိုးတစ်ယောက် သူ့ရင်ဘက်ကိုဖိပြီး ဘုရားတလိုက်လေသည်။

"ဘုရား...ဘုရား.. ကံကြီးပေလို့။ သမီးလေး ဘာဖြစ်သွားသေးလည်း။ သမီးသာတစ်ခုခုဖြစ်ရင် ကြီးကြီးရင်ကျိုးမှာ။ အဲ့ဒါကြောင့်ပြောပါတယ်။ ညစာစားပွဲတွေဘာတွေသွားရင် အဖော်တစ်ယောက်ခေါ်သွားဆိုတာကို။ သမီးကိုက ခေါင်းမာနေတာ"

ကြီးကြီးမိုးရဲ့ စကားကို မေ မငြင်းပါ။

"ဟုတ်ကြီးကြီး။ သမီးလည်း တစ်ယောက်တည်းသွားနေကြဆိုတော့ ဒီလိုမျိုးဖြစ်လာမှန်းမှမသိတာ။ နောက်တစ်ခါ တစ်ယောက်တည်းမသွားတော့ပါဘူးနော်။ သမီးမှာ အားကိုးရမယ့်သူရှိလာပြီ"
(ဘာတဲ့ CEO ကအားကိုးရမယ့်သူရှိလာပြီတဲ့:>>)

"ဟင် ဘယ်သူလည်းသမီး။ အားကိုးရမယ့်သူဆိုတော့ ငါ့သမီး ချစ်သူတွေဘာတွေများတွေ့လာပြီလား"

မေ့ စကားကို ကြီးကြီးမိုးက တအံ့တသြပြောလိုက်လေသည်။ ကြီးကြီးမိုးစကားကြောင့် မေ့ မျက်နှာလေး ရဲခနဲ ဖြစ်သွားပြီး ကျော့ရှင်းလှပသော သူ့မျက်နှာလေးကို မြင်လာရပါ၏။

"ဟာ.. မဟုတ်ပါဘူး ကြီးကြီးမိုးရဲ့။ သမီးရဲ့ ကားကိုမောင်းမယ့် ကားဒရိုင်ဘာ မိန်းကလေးကိုပြောတာ။ ခု သမီးကို လူဆိုးတွေလက်ထဲကနေကယ်တင်လာတာကလည်း အဲ့ဒီမိန်းကလေးဘဲလေ။ အဲ့ဒါကြောင့် သမီး သူ့ကို အလုပ်ပေးလိုက်တာ။ ကြီးကြီးမိုးက ဘာမှန်းလည်းမသိဘူး"

Ms. Mafia & Ms. CEO (မာဖီးယားခေါင်းဆောင်ရဲ့ ဧကရီ) Season (1) (Complete) 🌷💖Where stories live. Discover now