ရိုက်နှက်ခံထားရသောမိန်းကလေးရဲ့ နှာခေါင်းနဲ့ပါးစပ်များမှ သွေးများကမြင်မကောင်းအောင်စီးကျနေသည်။ ထိုမိန်းကလေးမှာ ရုပ်ဆိုးဆိုးလူကြီးကို ကြောက်လန့်တကြားငိုယိုပြီးတောင်းပန်နေလေသည်။ ထိုရုပ်ဆိုးဆိုးလူကြီးက မိန်းကလေး၏ တောင်းပန်သံကိုဂရုမစိုက်သည်ံလား ကောင်မလေးကို နောက်ထပ်လက်ဖြင့်ရိုက်လိုက်လေသည်။ သို့သော် ထိုသူ၏ လက်မှာ ကောင်မလေးကိုမရိုက်မိခင် လေထဲတွင်ရပ်တန့်သွားလေ၏။
ထိုသူမှာ မိမိလက်ကိုဖမ်းကိုင်လိုက်သူအား ဒေါသတကြီးဖြင့်လှည့်ကြည့်ကာ ဆဲဆိုနေလေသည်။
"မင်းက ဘာဝင်လုပ်တာလည်း။ ဒီကိစ္စမင်းနဲ့မဆိုင်ဘူး။ ဘေးဖယ်နေ။ ငါ့လက်ကိုလွှတ်စမ်း သောက်ကောင်မ"
သျှား ကလည်း ထိုသူ၏ လက်ကိုလိမ်ချိုးလိုက်ကာ ထိုသူ၏ ပေါင်ခြံကိုခြေထောက်ဖြင့် မိမိရရကန်လိုက်လေသည်။ ထိုသူမှာ အုခနဲအော်ကာ သူ့ရဲ့ပေါင်ခြံကိုလက်ဖြင့်အုပ်လိုက်လေသည်။
ပြီး ပါးစပ်ကလည်းဗလုံးဗထွေးဖြင့် အော်ပြောနေလေသည်။"ဟာ..ဒီသောက်ကောင်မကတော့ နာချင်နေပြီ။ ဟေ့ကောင်တွေ ထွက်ခဲ့ကြစမ်း။ ဒီမှာ မဆိုင်တာကိုဝင်ပါနေတဲ့ ကောင်မကို ကောင်းကောင်းဆုံးမလိုက်စမ်း"
ထိုသူက Bar ထဲမှာ ရှိတဲ့ သူ့ရဲ့လူများကိုအော်ဟစ်ပြောလိုက်သောကြောင့် Bar ထဲမှ ထောင်ထောင်မောင်းမောင်းယောင်္ကျားသားသုံးယောက်ထွက်လာလေသည်။ ထိုသူများက သျှားကိုမြင်သောအခါ ပြီတီတီမျက်နှာထားများဖြင့် ပြောဆိုနေလေသည်။
"ဟာ.... ဦးကောင်းရာ။ ခင်ဗျားက ဒီလိုမျိုးအချောအလှလေးကို မနိုင်ဘူးလားဗျ။ ခင်ဗျားတော်တော်သောက်သုံးမကျတဲ့သူဘဲဗျာ"
"ဟုတ်တာပေါ့။ ဒါလေးကိုကျုပ်တို့က ဘယ်လိုလုပ်ပြီးနာအောင်လုပ်ရက်မလည်းဗျာ"
"ဟေ့ အချောလေး။ မင်းကိုမနာအောင်လုပ်ပေးမယ်နော်။ စိတ်ချပါ။ အကိုတို့ကညင်သာပါတယ်ကွာ။ဟား...ဟားး"
ထိုသူသုံးယောက်မှာ ရွံစရာမျက်နှာထားများဖြင့်သျှား အနားသို့တိုးကပ်လာလေတော့သည်။ သျှားလည်း ထိုသုံးယောက်ကို စိတ်ပျက်စရာမျက်နှာထားဖြင့်ကြည့်လိုက်ကာ အေးစက်စက်တစ်ချက်သာပြုံးလိုက်လေသည်။
YOU ARE READING
Ms. Mafia & Ms. CEO (မာဖီးယားခေါင်းဆောင်ရဲ့ ဧကရီ) Season (1) (Complete) 🌷💖
RomantizmMs. Mafia & Ms. CEO (မာဖီးယားခေါင်းဆောင်ရဲ့ ဧကရီ) (သွေးအေးပြီး ရက်စက်သော မြေအောက်ရာဇာဂိုဏ်းရဲ့ မာဖီးယားအဖွဲ့ခေါင်းဆောင် မိန်းမချောလေး သျှားခတ်မောင်။ စီးပွားရေးလောကရဲ့ ဒိတ်ဒိတ်ကြဲထိပ်တန်း ဖြစ်သော Tulip Group Perfume Company ၏ ဥက္ကဌတစ်ယောက်၊ The Golde...