ပထမဦးဆုံး ရွှေတိဂုံဘုရားသို့ အရင်သွားကြလေသည်။ ရွှေတိဂုံဘုရားတွင် ပန်း၊ရေချမ်းစသည်များကိုဆည်းကပ်ကာ လှူဒါန်းပူဇော်လေသည်။ သျှား နဲ့ သဝဏ် တို့နှစ်ယောက်ကလည်း မေတို့ဘေးနားကနေလိုအပ်တာမှန်သမျှဝိုင်းကူကာလုပ်ပေးလေသည်။ ထို့နောက် ရန်ကုန်တိရိစ္ဆာန်ဥယျာဥ်သို့သွားကြပါသည်။ တိရိစ္ဆာန်ဥယျာဥ်သို့ သျှားတစ်ယောက် မောင်းလာသောအခါ မေနဲ့နန်းရဲ့မျက်နှာလေးက ချစ်စဖွယ်ကောင်းအောင်မဲ့ရှုံသွားလေ၏။
"ဘယ်နှယ့် တိရိစ္ဆာန်ဥယျာဥ်ကိုမောင်းလာရတာလည်း မိသျှားရဲ့"
နန်းက ထိုသို့ပြောလိုက်တော့ သျှား ကစပ်ဖြဲဖြဲအမူအရာဖြင့်ပြန်ပြောလေသည်။
"ဟာဒေါ်လေးကလည်း သမီးမရောက်ဖူးလို့ပေါ့။ အဲ့ဒါကြောင့်မောင်းလာလိုက်တာ။ လည်မယ့်လည်တော့ နေရာစုံအောင်လည်ကြတာပေါ့"
သဝဏ်ကလည်း တိရိစ္ဆာန်ဥယျာဥ်ရောက်တာကိုပျော်နေတဲ့အမူအရာဖြင့်ထောက်ခံလေသည်။
"သျှား တော်တယ် ငါ့သူငယ်ချင်း။ ငါလည်းမရောက်ဖူးဘူး ဟီးးဟီးး။ နောက်ပြီးရင် ကစားကွင်းသွားကြမယ်"
သဝဏ်ရဲ့စကားကြောင့် သျှားလည်းရီလိုက်မိလေသည်။
"သိပ်ကောင်းတာပေါ့ သဝဏ်ရ။ ပြီးရင် ကစားကွင်းသွားကြမယ်။ ဟဲ..ဟဲ"
မေ နဲ့နန်းကတော့ ဒီကလေးလိုလိုလူကြီးလိုလိုနှစ်ယောက်ကိုမနိုင်ဘူးဆိုတဲ့ပုံစံဖြင့်ကြည့်လိုက်လေသည်။ ထို့နောက်တွင်မူ တိရိစ္ဆာန်ဥယျာဥ်ဝင်ပေါက်သို့ ရောက်လာကြလေသည်။ သျှားက လေးယောက်စာလက်မှတ်ဖြတ်ပြီးသကာလ တိရိစ္ဆာန်ဥယျာဥ်ထဲသို့ဝင်ခဲ့ကြလေသည်။
ထို့နောက် တိရိစ္ဆာန်ဥယျာဥ်ထဲတွင် တိရိစ္ဆာန်မျိုးစုံကိုလှည့်လည်ကြည့်ရူကြလေသည်။ ပြီး တိရိစ္ဆာန်များအတွက် အစာတွေကိုလည်းကျွေးခဲ့ကြလေသည်။ မေ နဲ့ နန်းတို့နှစ်ယောက်မှာလည်း ဒီကလေးကြီးနှစ်ယောက်ကိုထိန်းနေတာလည်းမနိုင်တော့ပေ။
(အဲဒီ့ကလေးကြီးနှစ်ယောက်က ဘယ်လောက်ဆိုးတယ်ဆိုတာမသိကြသေးဘူး😅)
ထို့နောက်တွင်မူ နေ့လည်စာကို မေ ပိုင်ဆိုင်တဲ့ The Golden Myanmar Hotel တွင်စားကြလေသည်။ ပြီး ပြည်သူ့ရင်ပြင်သို့တစ်ခါသွားကြပြန်သည်။ ပြည့်သူ့ရင်ပြင်သို့ရောက်သောအခါ သျှားနဲ့သဝဏ်တို့နှစ်ယောက်က တွေ့သမျှ ကစားစရာများကိုဝင်ဆော့ကြလေသည်။ တိုက်ဂါးဆိုလည်းဆော့လိုက်တာပါဘဲ။ မိုးပျံရထားဆိုလည်းစီးလိုက်တာပါဘဲ။ လွန်းပျံလှေလည်းစီးလိုက်တာပါဘဲ။ မေ နဲ့ နန်းတို့နှစ်ယောက်ကလည်း ကလေးကြီးများနောက်သို့တကောက်ကောက်လိုက်နေရလေသည်။ သို့ဖြင့် တဖန် သရဲအိမ်သို့ရောက်လာကြလေသည်။
YOU ARE READING
Ms. Mafia & Ms. CEO (မာဖီးယားခေါင်းဆောင်ရဲ့ ဧကရီ) Season (1) (Complete) 🌷💖
RomanceMs. Mafia & Ms. CEO (မာဖီးယားခေါင်းဆောင်ရဲ့ ဧကရီ) (သွေးအေးပြီး ရက်စက်သော မြေအောက်ရာဇာဂိုဏ်းရဲ့ မာဖီးယားအဖွဲ့ခေါင်းဆောင် မိန်းမချောလေး သျှားခတ်မောင်။ စီးပွားရေးလောကရဲ့ ဒိတ်ဒိတ်ကြဲထိပ်တန်း ဖြစ်သော Tulip Group Perfume Company ၏ ဥက္ကဌတစ်ယောက်၊ The Golde...
