သို့ဖြင့် ပြည်သူ့ရင်ပြင်တွင် လည်ပတ်ပြီးသကာလ လေးယောက်သားအိမ်သို့ပြန်လာခဲ့လေသည်။ မေ့ အိမ်သို့ရောက်သောအခါ နန်းနဲ့သဝဏ်ကလည်း သူတို့အိမ်ကိုပြန်ဖို့ပြင်ရတယ်လေ။
"ကဲ ညီမလေး အမ ပြန်တော့မယ်နော်။ ညနေလည်းစောင်းနေပြီဆိုတော့"
"ညနေစာစားသွားအုံးလေ အမရဲ့။ ကြီးကြီးမိုးက ထမင်းတွေပိုချက်ထားပါတယ်။ သဝဏ်လည်းစားသွားလေ"
မေ့ စကားကြောင့် နန်းနဲ့သဝဏ်လည်း ငြင်းရခတ်နိုးနိုးဖြစ်နေကြသည်။ သျှားကလည်း ဝင်ပြောလေသည်။
"ဒေါ်လေးနဲ့ သဝဏ်တို့ညနေစာစားပြီးမှပြန်ကြနော်။ လာပါ အားနာမနေပါနဲ့။ အားနာရမယ့်လူတွေမှမဟုတ်တာ"
သျှားက ပြောပြောဆိုဆိုနှင့် နန်းနဲ့သဝဏ်ရဲ့လက်ကိုဆွဲကာ ထမင်းစားခန်းထဲသို့ခေါ်သွားလေသည်။ နန်း နဲ့သဝဏ်တို့လည်း အားနာနာနဲ့ ထမင်းစားပွဲထိုင်ခုံပေါ်တွင် ဘေးချင်းကပ်ထိုင်လိုက်ကြသည်။ ကြီးကြီးမိုးနဲ့ အလုပ်သမားလေးများက ထမင်းဝိုင်းကိုပြင်ပေးထားကြ၏။ ဟင်းများကတော့ ဖွယ်ဖွယ်ရာရာပါဘဲ။
ကြက်ကုန်းဘောင်၊ အစိမ်းကြော်၊ ငါးခေါင်းဟင်းရည်၊ ပုစွန်ချက်၊ ဝက်သုံးထပ်သားချက်၊ ကြက်သားလုံးကြော်၊ ဖက်ထုပ်ကြော်နဲ့ ငါးပိရည်တို့စရာတို့ဖြစ်သည်။ သဝဏ်လည်း ခင်းထားတဲ့ဟင်းများကိုကြည့်ပြီး တံတွေးကိုမျိုချလိုက်လေသည်။ သူဌေးအိမ်ဆိုတော့လည်း ဖွယ်ဖွယ်ရာရာစားနိုင်တာပေါ့။ သဝဏ်က အိမ်မှာဖြစ်သလိုစားနေကြလေ။ ဒါမျိုးတွေကို တစ်လနေမှ တစ်ခါတောင်စားတာမဟုတ်ဘူး။
"အမနန်းနဲ့ သဝဏ်ထည့်စားနော်။ အားမနာနဲ့။ အားနာရမယ့်လူတွေမှမဟုတ်တာ"
မေ့ စကားကြောင့် နန်းနဲ့သဝဏ်လည်းခေါင်းငြိမ့်လိုက်ကြလေသည်။ ပြီး သဝဏ်ရဲ့မျက်လုံးက သျှားဆီသို့ရောက်သွားလေသည်။ သျှားက မေ့ ပန်းကန်ထဲသို့ ဟင်းများကိုဦးစွာထည့်ပေးလေ၏။ ပြီးမှ မိမိပန်းကန်ထဲသို့ထည့်လိုက်လေသည်။ ပြီး သဝဏ်ဆီသို့မျက်နှာရိပ်ပြလိုက်လေသည်။ သဝဏ်လည်း သျှားရဲ့ မျက်နှာရိပ်ကိုနားလည်သည့်အလား ပြုံးလိုက်လေသည်။ သဝဏ်ကလည်း ဟင်းများကို နန်းပန်ကန်ထဲသို့ဦးစွာထည့်ပေးလိုက်လေသည်။ ပြီးမှမိမိပန်းကန်ထဲသို့ထည့်လိုက်လေ၏။
YOU ARE READING
Ms. Mafia & Ms. CEO (မာဖီးယားခေါင်းဆောင်ရဲ့ ဧကရီ) Season (1) (Complete) 🌷💖
RomanceMs. Mafia & Ms. CEO (မာဖီးယားခေါင်းဆောင်ရဲ့ ဧကရီ) (သွေးအေးပြီး ရက်စက်သော မြေအောက်ရာဇာဂိုဏ်းရဲ့ မာဖီးယားအဖွဲ့ခေါင်းဆောင် မိန်းမချောလေး သျှားခတ်မောင်။ စီးပွားရေးလောကရဲ့ ဒိတ်ဒိတ်ကြဲထိပ်တန်း ဖြစ်သော Tulip Group Perfume Company ၏ ဥက္ကဌတစ်ယောက်၊ The Golde...