အခန်း (၅၆)

4.2K 191 20
                                        

ရှေ့ကနေသွားနေတဲ့ ဒေါက်တာနှင်းဖြူက အခန်းတစ်ခန်းထဲကိုဝင်သွားလေသည်။ သဝဏ်လည်း သူမရဲ့အခန်းထဲသို့လိုက်ဝင်သွားလေသည်။ အခန်းထဲသို့ရောက်သောအခါ ဒေါက်တာနှင်းဖြူက အခန်းတံခါးကိုပိတ်လိုက်လေ၏။ ပြီး သဝဏ့်ဘက်ကိုလှည့်ကာစကားဆိုလိုက်သည်။

"ထိုင်ပါ။ ဒါက ကျွန်မရဲ့ရုံးခန်းပါ"

နှင်းဖြူကထိုသို့ပြောပြီး သဝဏ့်ကိုအရှေ့တွင်ရှိသောထိုင်ခုံကိုမေးငေါ့ပြလိုက်လေသည်။ သဝဏ်လည်း ထိုထိုင်ခုံပေါ်တွင်ထိုင်လိုက်၏။ နှင်းဖြူလည်း သဝဏ်နဲ့မျက်နှာချင်းဆိုင်ကထိုင်ခုံပေါ်တွင်ထိုင်လိုက်လေသည်။ ပြီး နှင်းဖြူကစပြီးစကားဆိုလိုက်လေသည်။

"ရှင်ကဘယ်သူလည်း။ နောက်ပြီး ဒီကိစ္စတွေကိုဘယ်လိုလုပ်ပြီးသိနေရတာလည်း။ ဟုတ်ပါတယ်။ ရှင်ပြောသလိုပါဘဲ။ အဲဒီ့ဆရာဝန်မပီသတဲ့လူကြောင့် မသေသင့်တဲ့လူနာတစ်ယောက်သေဆုံးသွားခဲ့ရတယ်လေ"

နှင်းဖြူက သေဆုံးသွားတဲ့လူနာအတွက် ယူကျုံးမရဖြစ်သည့်ဟန်ဖြင့်ဆိုရှာသည်။ သဝဏ်လည်း ဒေါသထွက်ကာ တောက်တစ်ချက်ခေါက်လိုက်လေသည်။

"တောက်! အယုတ်တမာဆရာဝန်။ ဒင်းကြောင့်သေဆုံးသွားကြရတဲ့လူတွေလည်းမနည်းဘူး။ဒင်းကိုထောင်ထဲကိုတစ်ခါတည်းထည့်ပစ်မယ်"

သဝဏ့်ရဲ့ဒေါသတကြီးရေရွတ်သံကြောင့်နှင်းဖြူလည်း အံသြသွားလေသည်။ ပြီး သဝဏ့်ကိုစကားဆိုလိုက်၏။

"ဟင် ရှင်က အဲဒီ့ဒေါက်တာအကြောင်းကိုသိလို့လား။ နောက်ပြီး အဲဒီ့ဒေါက်တာကြောင့်သေသွားကြတဲ့လူတွေလည်းမနည်းဘူးဟုတ်လား"

နှင်းဖြူစကားကိုသဝဏ်လည်း ခေါင်းငြိမ့်လိုက်လေသည်။

"ဟုတ်တယ် ဒေါက်တာ။ ဒေါက်တာနိုင်လင်းကြောင့်အပြစ်မဲ့တဲ့လူတွေသေဆုံးသွားတာအများကြီးဘဲ။ သူ့ရဲ့လောဘကြောင့်လေ။ တကယ်တော့ သူကတရားမဝင်ကိုယ်တွင်းအင်္ဂါတွေကိုထုတ်ရောင်းနေတဲ့လူတစ်ယောက်လေ။ သူ့ကြောင့် ဘာမှမဆိုင်ဘဲနဲ့ သေသွားရတဲ့လူတွေလည်းမနည်းဘူး ဒေါက်တာ"

သဝဏ့်စကားကြောင့် နှင်းဖြူလည်း မျက်လုံးပြူးသွားကာ အံသြတကြီးရေရွတ်လိုက်လေသည်။

Ms. Mafia & Ms. CEO (မာဖီးယားခေါင်းဆောင်ရဲ့ ဧကရီ) Season (1) (Complete) 🌷💖Where stories live. Discover now