အခန်း (၃)

9K 358 3
                                        

Note: ("ကျွန်မ"ဆိုတဲ့ အသုံးအနှုန်းနေရာမှာ "သျှား" ဆိုတဲ့အသုံးအနှုန်းကို ပြောင်းလဲရေးသားပါ့မယ်နော်။ ပထမပိုင်းမှာ သျှားက သူ့ကိုယ်သူမိတ်ဆက်တဲ့ သဘောအနေနဲ့ သုံးထားတာပါ။ ချစ်တဲ့ စာဖတ်ပရိသတ်တွေ အဆင်ပြေမယ်လို့မျှော်လင့်ပါတယ်။)

မနက် 6 နာရီတွင် alarm ပေးထါးသော နိုးစက်သံနှင့်အတူ သျှားတစ်ယောက် နိုးထလာခဲ့၏။ ဆူညံနေသော နိုးစက်သံကို စိတ်မပါတပါနဲ့ ပိတ်လိုက်ပြီး ကုတင်ပေါ်မှဆင်းကာ ရေချိုးခန်းထဲသို့ဝင်ခဲ့လိုက်၏။ ပြီး ဗီရိုထဲက ဝတ်ရမယ့်အဝတ်အစားများကိုရွေးနေလိုက်သည်။

သျှား ​​ကြိုက်သည့် အရောင်မှာအနက်​ရောင်သာလျှင်ဖြစ်၏။ သျှား အဝတ်အစားတွေက အများအား​​​ဖြင့် အနက်​ရောင်တွေချည်းသာလျှင်ဖြစ်သည်။ သျှား တစ်ယောက် အနက်ရောင် သားရေကပ်ဘောင်းဘီကို ဝတ်ဆင်လိုက်ပြီး အင်္ကျီကိုတော့ အောက်က အနက်ရောင်အသားကပ် အင်္ကျီကိုဝတ်ဆင်လိုက်လေသည်။ အပေါ်ကိုတော့ လည်သာအနက်ရောင်သားရေဂျာကင်ကို ထပ်ဝတ်လိုက်တော့ ခပ်မိုက်မိုက်ဒီဇိုင်းဖြစ်သွား၏။ ဖိနပ်ကိုလည်း အနက်ရောင် shoe ဖိနပ်ကိုရွေးချယ်လိုက်လေ၏။ ပြီး တပ်နေကြ နေကာမျက်မှန်ကိုယူကာ အောက်ထပ်ကိုဆင်းခဲ့လိုက်၏။

"သမီး သျှား မနက်စာစားသွားအုံးလေ"

"သမီးမစားတော့ဘူး ကြီးမေ။ ဒီနေ့တော့ မြို့အနှံ့သွားလိုက်အုံးမယ်။ တစ်ခါတစ်လေ ဒီလိုမျိုးသွားလိုက်ရမှ စိတ်ပေါ့တာ"

သျှား အောက်ထပ်ကိုရောက်တော့ ဆီးကြိုပြီးမေးလိုက်တဲ့သူက သျှားရဲ့ အိမ်တော်ထိန်း ဒေါ်ကြီးစိန်ပင်ဖြစ်သည်။ ဒေါ်ကြီးစိန်က သျှားဖေဖေ့ ရှိကတည်းက အိမ်တော်ထိန်းတာဝန်ကိုယူခဲ့သူဖြစ်သည်။ အစစအရာရာစိတ်ချရသူလည်းဖြစ်သည်။ သျှားကတော့ ဒေါ်ကြီးစိန်ကို ကြီးမေဟုခေါ်သည်။ ဒေါ်ကြီးစိန်က အသက်က 60 နီးပါးခန့်ရှိပြီဖြစ်သည်။ ဖေဖေ့ကိုလည်း သားတစ်ယောက်လို စောင့်ရှောက်ခဲ့လေသည်။ ဖေဖေကလည်း သျှားကို စောင့်ရှောက်ပေးဖို့ ကြီးမေ ကို တာဝန်ပေးခဲ့လေသည်။ သျှားနေတဲ့ အိမ်မှာ လုံခြုံရေးတာဝန်ထမ်းဆောင်နေသောအမျိုးသားများမှ အပ ကျန်တဲ့ သူများမှာ မိန်းကလေးများပင်ဖြစ်သည်။

Ms. Mafia & Ms. CEO (မာဖီးယားခေါင်းဆောင်ရဲ့ ဧကရီ) Season (1) (Complete) 🌷💖Where stories live. Discover now